လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများအားလုံးရှိ ဝန်ထမ်းများအား သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့မှုသတင်း
၂။ ကုန်သွယ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး တစ်စိတ်တစ်ပိုင်းအနေဖြင့် သိရှိစေရန် ရည်ရွယ်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်းမိတ်ဆက်သင်တန်း၊ ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသော ဥပဒေ များသင်တန်းနှင့် Training on Current Implementations of WTO’sTFA Agreement in Myanmar သင်တန်းတို့ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
၃။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်းမိတ်ဆက်သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်မှ (၁၁) ရက်ထိ (တနင်္လာ၊ အင်္ဂါ) နေ့ နံနက် (၀၉:၄၅) နာရီ မှ (၁၂:၂၀) နာရီထိ (၂) ရက်ကြာ သင်တန်း ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ကုန်သွယ်ရေးဦးစီးဌာနမှ နည်းပြဆရာ (၃) ဦး သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၉) ဦးတို့ တက်ရောက်ခဲ့ပါသည်။
၄။ ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသော ဥပဒေများသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်မှ (၁၂) ရက်ထိ (အင်္ဂါ၊ ဗုဒ္ဓဟူး)နေ့ နေ့လယ် (၁၃:၃၀) နာရီမှ (၁၆:၀၅) နာရီထိ (၂) ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကုန်သွယ်ရေးဦးစီးဌာနမှ နည်းပြ ဆရာ (၁) ဦး သင်ကြားပေး ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၈) ဦးတို့ တက်ရောက်ခဲ့ပါသည်။
၅။ Training on Current Implementations of WTO’sTFA Agreement in Myanmar သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်မှ (၁၃) ရက်ထိ (ဗုဒ္ဓဟူး၊ ကြာသပတေး) နေ့ နံနက် (၀၉:၄၅) နာရီမှ (၁၂:၂၀) နာရီထိ (၂) ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကုန်သွယ်ရေး ဦးစီးဌာနမှ နည်းပြဆရာ (၂) ဦး သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၂) ဦးတို့ တက်ရောက် ခဲ့ပါသည်။