“မဟာဗျူဟာမြောက်ကုန်စည် ကန့်သတ်ထိန်းချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့မှုအတွေ့အကြုံများ” & “ASEAN Young Leader Training Program 2017”

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ကေခိုင်ကျော်မှ “မဟာဗျူဟာမြောက်ကုန်စည် ကန့်သတ်ထိန်းချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့မှုအတွေ့ အကြုံများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ၊ ဒေါ်သင်းသင်းကျော်မှ “ASEAN Young Leader Training Program 2017” ခေါင်းစဉ်ဖြင့်လည်း ကောင်းဆွေးနွေးခဲ့ကြရာ ဒုတိယညွှန်ကြားရေး မှူး၊ ဒေါ်ခင်မြမြထွေးမှ ဖြည့်စွက်ပြောကြားပြီး အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။