ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင်လေကြောင်း၊ ရေကြောင်း နှင့်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၁၈-၉-၂၀၂၁ ရက်နေ့ တွင်  ဆိပ်ကမ်းများ နှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ မြဝတီ နှင့် တာချီလိတ် စခန်း (၅)ခု တို့မှ တင်သွင်း ရာ၌ ကုမ္ပဏီ (၁၀)ခု မှ ယာဉ်စီးရေ (၁၆)စီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၃)စီးဖြင့် (၅၆) တန်၊ အောက်ဆီဂျင်(အိုးခွံ) (၄၆၃၀)ခု၊ Oxygen Plant (၈)ခု၊ အိမ်သုံး Oxygen Concentrator(၁၀)ခု၊PPE (၅၀၀)စုံ နှင့် နှာခေါင်းစည်း (Mask) (၁၁)တန် တင်သွင်းခဲ့ပါသည်။ အောက်ဆီဂျင် အရည် (Bowser)ယာဉ် (၃)စီးမှာ ရန်ကုန်မြို့ သို့ (၁)စီး ၊ မန္တလေးမြို့သို့ (၂)စီး သို့ဖြစ်ပြီး Oxygen Plant (၈)ခု မှာ ရန်ကုန်မြို့သို့(၂)ခု ၊ ပခုက္ကူမြို့ သို့ (၂)ခု ၊ မုံရွာမြို့ ၊ မြိုင်မြို့ ၊ ဂန့်ဂေါမြို့ နှင့် ထန်ထလန်မြို့ များသို့ (၁)ခု စီ ဖြစ်ကြောင်း သိရှိရပါသည်။

 

စက်တင်ဘာလ (၁) ရက်နေ့ မှ (၁၈)ရက်နေ့ အတွင်း ကုမ္ပဏီ (၂၀၄)ခု မှ ယာဉ်စီးရေ (၃၈၀)စီး ဖြင့် အောက်ဆီဂျင် အရည်(Bowser) ယာဉ်ဖြင့် (၅၈၆) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၁၂၆)တန်၊ အောက်ဆီဂျင် ဓါတ်ငွေ့(Bowser) ယာဉ်ဖြင့် (၂၀)တန်၊ Storage Container (၄) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၁)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၇၄၀၀၀) ခု ၊Oxygen Plant (၁၅၃)ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက်(၂)ခု၊ Oxygen Generator(၁၈)ခု၊အိမ်သုံး အောက်ဆီဂျင် စက် (Oxygen Concentrator) (၁၁၃၂၈)ခု ၊ Test Kit ခုရေ (၇၀၀၀၀) ၊ PPE အစုံရေ (၁၀)သိန်း ၊ လက်အိတ် (၈၁)တန်နှင့် နှာခေါင်းစီး (Mask) (၂၂၇၀) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ် ပါသည်။

 

စက်တင်ဘာလ(၁) ရက်နေ့မှ(၁၈)ရက်နေ့ အတွင်း ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင် အရည်(Bowser) ယာဉ် စုစုပေါင်း(၂၉) စီးမှာ ရန်ကုန်မြို့သို့ (၂၀) စီး ၊ မန္တလေးမြို့ သို့(၄)စီး ၊ မော်လမြိုင်မြို့သို့ (၂) စီး၊ ပဲခူးမြို့ ၊ မုံရွာမြို့ နှင့် ပြည် မြို့များသို့ (၁)စီး စီဖြစ်ပြီး Oxygen Plant စုစုပေါင်း (၁၅၃) ခုမှာရန်ကုန်မြို့သို့ (၁၀၈) ခု ၊ မန္တလေးမြို့ သို့(၁၂)ခု၊ ပခုက္ကူမြို့သို့ (၃)ခု ၊ ချောက်မြို့သို့ (၃)ခု ၊ လားရှိုးမြို့ သို့ (၂) ခု ၊မင်းဘူးမြို့သို့ (၂)ခု ၊ မအူပင်မြို့သို့(၂)ခု ၊ မော်လမြိုင် ၊ မုံရွာ၊ မြစ်ကြီးနား၊ မိုးကောင်း၊ မြင်းမူ ၊ မုဒုံ၊ပြည်၊ မိတ္ထီလာ၊ မြောင်းမြ၊ ဝိုင်းမော်၊ တာချီလိတ်၊ မိုးညှင်း ၊ ကံကြီးထောင့် ၊ ဖားကန့် ၊ အောင်လံ၊ ကဝ ၊ စဥ့်ကူး ၊ မြိုင် ၊ ဂန့်ဂေါ ၊ ထန်တလန်နှင့် တန့်ယန်း မြို့များ သို့ (၁) ခု စီဖြစ်ကြောင်း သိရှိရပါသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။