မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့် လုပ်ငန်းရှင်များ တရုတ်နိုင်ငံ GACC ၌ မှတ်ပုံတင်နိုင်ရေးကိစ္စ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်ပြန်ခဲ့သည့်အမိန့်ကြေညာချက်အမှတ် (၂၄၈)၊ (၂၄၉) တို့အရ ၁.၁.၂၀၂၂ နေ့မှစတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်  GACC ၌ မှတ်ပုံတင်ပြီးသည့် လုပ်ငန်းများမှ စားသောက်ကုန်များကိုသာ တရားဝင်တင်သွင်းခွင့်ပြုမည်ဖြစ်ပါသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များကို ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလအတွင်းအပြီး ဆောင်ရွက်သွားမှသာ ၁.၁.၂၀၂၂ ရက်နေ့နောက်ပိုင်းတွင် အရှိန်အဟုန်မပြတ် ဆက်လက်တင်ပို့ နိုင်မည်ဖြစ်ပါသည်။

 

ထိုသို့မှတ်ပုံတင်သည့်လုပ်ငန်းများဆောင်ရွက်ရာတွင် အပိုင်း (၂) ပိုင်းရှိပြီး သက်ဆိုင်ရာ အပိုင်း အလိုက်ခွဲခြားဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပထမအပိုင်းမှာ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်လိုအပ်ပြီး အဆိုပါဌာနများမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားရမည့် ကုန်ပစ္စည်း အမျိုးအစားများဖြစ်ပါသည်။ ဒုတိယအပိုင်းမှာ ထောက်ခံချက်မလိုအပ်ဘဲ  တင်ပို့မည့်လုပ်ငန်းရှင်ကိုယ်တိုင် http://cifer.singlewindow.cn တွင် ကိုယ်တိုင်ဝင်ရောက်လျှောက်ထားရမည့် ကုန်ပစ္စည်း အမျိုးအစားများ ဖြစ်ပါသည်။

 

ထောက်ခံချက်လိုအပ်သည့် ကုန်ပစ္စည်းအမျိုးအစားများ

 

GACC ၌ မှတ်ပုံတင်ရာတွင် ထောက်ခံချက်လိုအပ်သည့် ကုန်ပစ္စည်းအမျိုးအစားများနှင့် ဆက်သွယ်ဆောင်ရွက်သွားရမည့် သက်ဆိုင်ရာဌာနများမှ Contact Person တစ်ဖက်ပါအတိုင်း ဖြစ်ပါသည်-

၎င်းတို့အနက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူလျှောက်ထားပေးရန်လိုအပ်သည့် ကုန်ပစ္စည်းအမျိုးအစား (၅၂)မျိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်-   

NO

Product English Name

Product Myanmar Name

1

Star Anise

နာနတ်ပွင့်

2

Baifeng Bean

ပဲစာဉ

3

Dried Lentils

ပဲနီလေး

4

Dried Broad Beans

တောင်ကြီးပဲ

5

Dried Adzuki Beans

ပတ္တမြားပဲ

6

Dried Betel Nuts

ကွမ်းသီး

7

Dried Rice Beans

ပဲယင်း

8

Dried Black Beans

မတ်ပဲ

9

Dried Red  Kidney Beans

မြေထောက်ပဲ

10

Dried Cowpeas and Kidney Beans

ပဲလွန်းနှင့်် မြေထောက်ပဲ

11

Dried Mung Beans

ပဲတီစိမ်း

12

Dried Mango

သရက်

13

Dried Eyebrow  Peas

ပဲလွန်း

14

Dried Peas

စားတော်ပဲ ၊ ပဲစဉ်းငုံ

15

Dried Cashews

သီဟိုဋ်စေ့

16

Dried  Coconut , Dried Coconut meat

အုန်းသီးခြောက် ၊ အုန်းသီး ဆံ

17

Dried  Taro

ပိန်းရိုးခြောက်

18

Dried Kidney Beans

မြေထောက်ပဲ

19

Dried Pearl Beans

ပဲစာဉ

20

Dried Bamboo Beans

ပဲယင်း

21

Dried Olives

သံလွင်

22

Sorghum

နှံစားပြောင်း

23

Millet ( millet)

လူး ၊ ဆပ်

24

Sea Copra

အုန်းသီး (အသေး)

25

Black pepper

ငြုတ်ကောင်း

26

Peanut

မြေပဲ

27

Turmeric

နနွင်း

28

Polished Rice

ဆန်

29

Coffee Beans

ကော်ဖီ

30

Dried Chili

ငရုတ်သီးခြောက်

31

Dried Longan

လောင်ဂန်သီး

32

Dried Tamarind

(Tamarind,Sweet Corner )

မန်ကျည်းသီး (အချို )

33

Cotton Seed

ဝါစေ့

34

Buckwheat

ပန်းဂျုံ

35

Buckwheat Flour

ပန်းဂျုံမှုန့်

36

Husk Millet

အခွံပါ လူး ၊ ဆပ်

37

Shelled Buckwheat

အခွံပါ ပန်းဂျုံ

38

Shelled Millet

အခွံပါ လူး ၊ ဆပ်

39

Cinnamon and Cinnamon flower

သစ်ကြားပိုးခေါက်နှင့်အပွင့်

40

Ginger

ဂျင်း

41

Broken Rice

ဆန်ကွဲ

42

Dried Sissi

အိမ်တွင်းအလှဆင် ပန်းခြောက်များ

43

Cowpeas and Kidney Beans , Fresh or Chilled ( Whether depodded or not )

ပဲလွန်း ၊မြေထောက်ပဲ(အစို  (သို့)

အေးခဲ )

44

Fresh or Chilled Peppers

( including Bell Peppers )

ငရုတ်  ( အစို (သို့ )အေးခဲ ) အနီရောင် ၊ အဝါရောင် ၊ အစိမ်းရောင်ငရုတ်ပွများ

45

Fresh or Chilled Konjac

ဝဥ ( အစို (သို့ )အေးခဲ)

46

Pumpkin , Winter Squash and Gourd  ( Cucurbita) , Fresh or Frozen

ရွှေဖရုံသီး ၊ ဖရုံမျိုးရင်းများ ၊ ဘူးသီး (အစို(သို့ ) အေးခဲ)

47

Fresh or Chilled yam

မြောက်ဥ  ( အစို (သို့ )အေးခဲ)

48

Fresh or Chilled Garlic  Moss and Garlic Sprouts 

( including Green Garlic )

ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်(အစို (သို့)

အေးခဲ)

49

Fresh or Chilled Garlic

ကြက်သွန်ဖြူ(အစို(သို့ )အေးခဲ)

50

Fresh or Chilled Onions

ကြက်သွန်နီ (အစို (သို့)အေးခဲ)

51

Oil Palm Fruit Oil Palm Kernel

ဆီအုန်းသီးနှင့် ဆီအုန်းအဆံ

52

Sesame

နှမ်း

 

ထောက်ခံချက်ပေးမည့် သက်ဆိုင်ရာဌာနများသည် GACC မှဖွင့်လှစ်ပေးသည့် Official Account အား အသုံးပြု၍ စားသောက်ကုန်တင်ပို့သည့် လုပ်ငန်းရှင်များအတွက် Sub-account ဖွင့်လှစ်ပေးပြီး  လုပ်ငန်းရှင်များသည် အဆိုပါ Sub-account ဖြင့် Registration Application များအား http://cifer.singlewindow.cn မှတစ်ဆင့် ဝင်ရောက်၍ တင်ပြလျှောက်ထားရမည်ဖြစ် ပါသည်။ ထိုသို့တင်ပြလာသည့် Registration Application များအား ထောက်ခံချက်ပေးမည့် သက်ဆိုင်ရာဌာနများမှ Official Account ဖြင့်ဝင်ရောက်၍ လိုအပ်သည့်စစ်ဆေးမှု (Audit) ဆောင်ရွက်မည်ဖြစ်ပါသည်။ ထိုသို့စစ်ဆေးပြီးစီးမှသာ သက်ဆိုင်ရာဌာနသည် လျှောက်ထားသည့် လုပ်ငန်းအား Recommendation  ပြုလုပ်ခြင်း ၊ GACC သို့ဆက်လက်လျှောက်ထားခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။

လုပ်ငန်းရှင်ကိုယ်တိုင်မှတ်ပုံတင်ရမည့် ကုန်ပစ္စည်းအမျိုးအစား

အောက်ပါကုန်ပစ္စည်းအမျိုးအစားများအတွက် လုပ်ငန်းရှင်များကိုယ်တိုင် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်သွားရမည်ဖြစ်ပါသည်-

Vegetables and vegetable products (Fresh and dehydrated vegetables are excluded )

Grain Products  and Other Products

Tea

Nuts and Seeds Products

Alcoholic beverages

Beverages and  Frozen beverages

Biscuits , cakes and bread

Sugars ( including raw sugar, sugar, lactose ,syrup ,etc.)

Confectionary ,Chocolate ( including  chocolate ,cocoa butter substitute  chocolate and its products )

Seasoning  ( excluding sugar )

Roasted coffee beans  ,cocoa beans  and other products (Excluding  chocolate )

Fruit products

Other miscellaneous foods

Chinese herbs

အဆိုပါ ကုန်ပစ္စည်းအမျိုးအစားများအတွက်  လုပ်ငန်းရှင်များကိုယ်တိုင်  http://cifer.singlewindow.cn ၌ တိုက်ရိုက်မှတ်ပုံတင်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။