စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ (၆၇)နှစ်မြောက်ကချင်ပြည်နယ်နေ့နှင့် အထိမ်းအမှတ်ရိုးရာမနောပွဲ မနောအိမ်တော်တွင် ကြိုဆိုခြင်းအခမ်းအနား သို့ တက်ရောက်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ (၆၇)နှစ်မြောက် ကချင်ပြည်နယ်နေ့နှင့် အထိမ်းအမှတ် ရိုးရာမနောပွဲ မနောအိမ် တော်တွင် ကြိုဆိုခြင်းအခမ်းအနားကို ဇန်နဝါရီလ(၆)ရက် မွန်းလွှဲပိုင်းက ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ မနောကွင်း မနောအိမ်တော်၌ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့် တက်ရောက်အားပေးပြီး (၆၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကုန်စည်ပြပွဲ တွင် ခင်းကျင်းပြသထားသည့်အရောင်းဆိုင်ခန်းများအားကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။