မြန်မာနိုင်ငံတွင် ဓာတုပစ္စည်းများရောင်းချလျက်ရှိသည့် ဘယ်လ်ဂျီယံကုမ္ပဏီ

   ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် ဓာတုပစ္စည်းများဖြန့်ချိရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် MANUCHAR nv သည် မြန်မာနိုင်ငံသို့ ဓာတုပစ္စည်းများနှင့် ဆပ်ပြာမှုန့်ကုန်ကြမ်းပစ္စည်းများရောင်းချလျက်ရှိပါသည်။ ၎င်းကုမ္ပဏီသည် ကမ္ဘာ့အနှံ့ရုံးခွဲပေါင်း ၆၀ ကျော်ဖွင့်လှစ်ထားပြီး အာဖရိက၊ အာရှနှင့် လက်တင် အမေရိကဒေသတို့ရှိ ထွန်းသစ်စနိုင်ငံများကိုအဓိကဦးတည်၍လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။ ဟောင်ကောင်ရှိ MANUCHAR nv ၏ အာရှဒေသဆိုင်ရာ ရုံးခွဲသည် မြန်မာနိုင်ငံ ၌ ဓာတုပစ္စည်းများရောင်းချနိုင်ရန် အဓိကပံ့ပိုးဆောင်ရွက်လျက်ရှိ သည့် ရုံးဖြစ်ပါသည်။ ယခုအခါ MANUCHAR nv သည် မြန်မာနိုင်ငံတွင်လုပ်ငန်းချဲ့ထွင်ဆောင်ရွက်ရန် ကြိုးပမ်း လျက်ရှိပြီး ဟောင်ကောင်ရုံးခွဲမှ တာဝန်ရှိသူသည် မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်၊ နှစ်ဆန်းပိုင်းကာလတွင် သွားရောက်၍ ဖောက်သည်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းသိရှိရပါသည်။

ကိုးကားချက် - MANUCHAR nv