စက်သုံးဆီဈေးပြန်တက်လာခဲ့

  ကိုရီးယားပြည်တွင်းသုံးသမျှ စက်သုံးဆီများ၏ ၈၀%ကိုတင်သွင်းနေသော ဒူဘိုင်းရေနံစိမ်းဈေးနှုန်းများသုံးရက်ဆက်တိုက်တက်လာပြီးနောက် ကိုရီးယားနိုင်ငံတွင်းစက်သုံးဆီ အရောင်းဆိုင်များရှိ ဈေးနှုန်းများလည်း ပြန်လည်တက်ခဲ့သည်ကိုတွေ့ရသည်။ Korea National Oil Corporation ၏ အဆိုအရ ဆိုးလ်မြို့တွင်း Gyeon g gi, Dae gu, Daejeon, Gwan gju မြို့များနှင့် ဂျေဂျူးကျွန်းများရှိ ကြာသပတေးနေ့ ညနေပိုင်းရှိ ဓါတ်ဆီဈေးနှုန်းသည် တစ်လီတာလျှင် ၁၄၀၉.၇ ဝမ်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

   ယခင်ရက်သတ္တပတ်ကတည်းက ဓါတ်ဆီ တစ်လီတာလျှင် ဝမ် ၁၂၀၀ ဖြင့်ရောင်းချခဲ့ကြသည့် ဆီဆိုင်အရေအတွက်သည် ၂၇ ဆိုင်သာရှိခဲ့သည်။ ကမ္ဘာ့ဆီဈေးတက်ပါကလိုက် တက်သည့်နှုန်းသည် ဈေးကျပါက လိုက်ပါဈေးချရောင်းချသည့်နှုန်းထက်ပို၍မြန်ဆန်လေ့ရှိသည်။ ယခုအပတ်တွင် ပြည်တွင်းဓါတ်ဆီချက်စက်ရုံများက ဆီဆိုင်များသည် ရောင်းချ သည့် တစ်လီတာဈေးနှုန်းသည် ၃ ဝမ်ထားခဲ့ပြီးဖြစ်သည်။ ဒူဘိုင်းရေနံစိမ်း ဈေးနှုန်းဆက်မကျပါက နောင်အပတ်တွင် ဆီဆိုင်များရှိ ဓါတ်ဆီဈေးနှုန်းသည် တစ်လီတာလျှင် ဝမ် ၃၀ ခန့် ဈေးတက်သွားဖွယ်ရှိသည်။

ကိုးကားချက် -  Chosun lIbo