စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ITOCHU Corporation မှ Mr. Yasuyuki Suzuki အဖွဲ့အား လက်ခံတွေ့ဆုံစဉ်

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းသည်  ITOCHU Corporation မှ Mr. Yasuyuki Suzuki အဖွဲ့အား ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၄း၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသတင်းရရှိသည်။