အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၆)

အသေးစားအလတ်စား စက်မှုလုပ်ငန်းများအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများ တည်ထောင်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်သက်သာစေရန် အသုံးပြုနိုင်သည့် ပြုပြင်ထားခြင်းမရှိသောစက်ပစ္စည်း (Used Machine) များကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပထမစမ်းသပ်ကာလအဖြစ် တင်သွင်းခွင့်ပြုခဲ့ရာမှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဒုတိယနှစ်အဖြစ် ဆက်လက်၍ တင်သွင်းခွင့်ပြုလိုက်သည်။