ဈေးကွက်ဝင် ရွှေပဲသီး

     ဂျပန်ဘာသာဖြင့် Edamame ၊ တရုတ်ဘာသာဖြင့် Moa Dou လို့ ခေါ်တဲ့ ရွှေပဲသီး ခေါ်  ပဲပုပ်ကြီး  (Edible Soy Bean)ကို နိုင်ငံတကာ ဈေးကွက်၌ ဈေးကြီးပေးဝယ်ယူ စားသောက်နေကြသည်ကို တွေ့ရှိရသည်။ ပဲသီးအေ တာင့်လိုက်ကို ဆားအနည်းငယ်ထည့်ပြုတ်ပြီး သရေစာအဖြစ် သော်လည်းကောင်း၊ အစာမစားမီ နှုတ်မြိန်စေရန်သော်လည်းကောင်း စားသုံးကြသည်။ တရုတ်လူမျိုးများသည် ရွှေပဲသီးကို အသားငါးများ သို့မဟုတ် အခြား အသီး  ရွက်များနှင့် ရောနှော ချက်ပြုတ်စားသောက်ကြသည်။ အစေ့ ၅၀ ပါ တစ်ထုပ်ကို အမေရိကန်နိုင်ငံဈေးကွက်၌ ၂ ဒသမ ၉၅ ဒေါ်လာ ဈေး ပေါက်ပြီး တရုတ်ဈေးကွက်၌ ၃ ဒသမ ၀၈ ဒေါ်လာ၊ အစေ့ ၅၀၀ ပါ (လေးေ အာင်စ)တစ်ထုပ်ကို ၁၂ ဒသမ ၉၅ ဒေါ်လာ  ပေါက်ဈေးရှိ ကြောင်း သိရှိရသည်။
      အအေးလျော့ပြီး ပူနွေးတဲ့ရာသီဥတုမှာ ပဲပင်များ ကောင်းစွာရှင်သန် စိုက်ပျိုးနိုင်ပြီး တစ်ဧကကို ၃ ဒသမ ၅ တန် ကနေ လေးတန်အထိထွက်ရှိပြီး သက်တမ်း သုံးလအတွင်း အသီးပြည့်ချိန် မရင့်မှည့်မီဆွတ်ခူးရသည် ဆွတ် ခူးပြီး အသီးတောင့်များကို အဖျင်း၊ အမှော်၊ အမှိုက်သရိုက် သန့်စင်ခွဲခြား ရွေးချယ်ခြင်း၊ အသီးပေါ်မှ အမွေးနုများကို ပွတ်တိုက်ဆေး ကြောခြင်းများ ပြုလုပ်ပြီး အအေးခန်းတွင် အနည်းဆုံး ရှစ်နာရီအထိ သိုလှောင် ထားရှိပြီးေ နာက် ထုပ်ပိုးပြင်ဆင်ကာ ဈေးကွက်သို့ ပို့ဆောင်ကြသည်။ ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာ မြို့နယ်အတွင်း၌ Grand Ye Htut International Co,Ltd  မှ တောင်သူများနှင့် အကျိုးတူ စိုက်ပျိုး လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ပဲပုပ်သီး တောင့်တန် ချိန် ရှစ်ထောင်ကို လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။

 

မျိုးပပ (ကချင်)