စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့

       စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက် အထိ သီတင်းပတ်အတွင်း စစ်တွေ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၇၃ သန်းတန်ဖိုးရှိ ရေချိုငါးမြစ် ချင်း တန် ၇၀ ခန့် တင်ပို့ခဲ့ပါတယ်။ စ က်တင်ဘာလဆန်းပိုင်းမှစပြီး တင်ပို့ ခဲ့ခြင်းမရှိတဲ့ ရေချိုငါးမြစ်ချင်းများကို စက်တင်ဘာ တတိယပတ်မှသာ ပြန် လည်တင်ပို့နိုင်တာတွေ့ရပါတယ်။ ပြီးခဲ့ တဲ့ သြဂုတ်လတစ်လလုံးမှာ ရေချိုငါးမြစ်ချင်းတန် ၃၀၀ ကျော် တင်ပို့ခဲ့တယ် လို့ ကုန်သွယ်ရေးစခန်းမှ သိရပါတယ်။
       စစ်တွေကုန်သွယ်ရေးစခန်းမှ ရေချိုငါးမြစ်ချင်းအပြင် အမေရိကန် ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ  ဆီးသီးခြောက် ၂၅ တန်၊ အမေရိကန် ဒေါ်လာသုည  ဒသမ ၀၀၆ သန်းတန်ဖိုးရှိ ဆီးဖတ် ၅၄ တန်၊ အမေရိက န် ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ နနွင်း တက် တစ်တန်ခွဲ၊ အမေ ရိကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၁၄၂ တန်၊ အမေရိကန် ဒေါ်လာ သုည ဒသမ ၀၀၉ သန်းတန်ဖိုးရှိ ချင်းအစို ၁၂ တန်၊ အမေရိကန် ဒေါ်လာ သုည ဒသမ ၀၁၄ သန်းတန်ဖိုးရှိဆီးယိုထုပ် ၄၄ တန်၊ အမေရိကန် ဒေါ်လာ သုည ဒသမ ၀၀၂  သန်းတန်ဖိုးရှိ အဆင့်မြင့်ဝီစကီ ၁၅၀၀ လီတာကို တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ