မုံရွာ၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တို့တွင် တရုတ်ဝယ်လက်ရှိတဲ့ ဂွေးငယ်နက်(ခေါ်) ခွေးလျားယား (အယဉ်) များ အများအပြားစိုက်ပျိုးလျက်ရှိ

         မုံရွာ၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တို့မှာ တရုတ်ဝယ် လက်ရှိတဲ့ ဂွေးငယ်နက်(ခေါ်) ခွေးလျားယား(အယဉ်)များ ကို အများအပြား စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါတယ်။ တရုတ်ဝယ်လက်များဟာ ဂွေးငယ်နက်ကို ပရဆေးအဖြစ် အသုံးပြုရန်အတွက် တစ်ပြည်ကိုကျပ် ၈၀၀၀၊ တစ်တင်းကို ကျပ် ၁၂၀၀၀၀ နဲ့ ဝယ်ယူနေကြောင်း သိရပါတယ်။ ဂွေးငယ်နက်ကို အိမ်ခြံအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရာမှ ယာကွက်များမှာပါ စီးပွားဖြစ်စိုက်ပျိုးလျက် ရှိကြောင်း ဒေသ ခံတောင်သူများက ပြောကြားခဲ့ပါတယ်။ ဂွေးငယ်နက်ကို မေ၊ ဇွန်လတို့မှာ စတင်စိုက်ပျိုးပြီး နိုဝင်ဘာ/ဒီဇင်ဘာလတို့မှာ အပွင့်/အသီးဖြစ်ပေါ်ကာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတို့မှာ အသီးရင့်မှည့်ပါတယ်။ ဂွေးငယ်နက်ကို အချို့ဒေသေ တွမှာ ခွေးလျားယား(အယဉ်) လို့ခေါ်ဝေါ်ကြပြီး အမှုန့်ပြုလုပ်ကာ ပျားရည်နဲ့ ရောစပ်ပြီး အဆိပ်ဖြေဆေး၊ နှလုံးသွေးကြောကျဉ်းရောဂါ ပျောက်ဆေးအဖြစ် မှီဝဲလျက်ရှိကြောင်း သိရပါတယ်။

 

အောင်မင်း(တန့်ဆည်)