မူဆယ်မှ ရေထွက်ကုန်တင်ပို့မှု တန်ချိန်လျော့နည်းပြီး တန်ဖိုးပိုမို

       မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်မှ ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၁၆ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန်ချိန် ၂၀၇၀ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၂၇ သန်း တန်ဖိုးရှိ ရေထွက် ကုန်တန်ချိန် ၂၁၃၇ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ အမေရိကန် ဒေါ်လာ သုညဒသမ ၁၈၉ သန်း ပိုမို ခဲ့ပြီး တန်ချိန်အားဖြင့် ၆၇ တန် ခန့် ေ လျာ့နည်း တင်ပို့ခဲ့ပါတယ်။ ယခုသီတင်းပတ်မှာ ကဏန်း၊ ငါး ခြောက်၊ ကင်းမွန်ခြောက်၊ ပုစွန်ခြောက်နဲ့ ငါးစီဖောင်း ပိုမိုတင်ပို့ခဲ့သလို ယခင် တစ်ပတ်က တင်ပို့မှုမရှိခဲ့တဲ့ ငါးမှုန့်၊ ငါးကြင်းစီဖောင်း၊ ငါးပူတင်း အရေခွံ ခြောက်နဲ့ ငါး လိပ်ေ ကျာက်အရေခွံ ခြောက်တို့ တင်ပို့ခဲ့ပါတယ်။ ငါးဆားနယ်၊ ငါးလေးခြောက်၊ ငါးမျိုးစုံနဲ့ ပုစွန်ဖွဲ တင်ပို့မှုတွင် တန်ဖိုးအနေနဲ့ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံယွမ် ဈေးအနေဖြင့် ငါးရှဉ့်တစ်တန်ဈေးက ယွမ် ၃၁၀၀၀ နဲ့ ေြ ပာင်းလဲမှု မရှိဘဲ ကဏန်းတစ်တန်လျှင် ယခင်တစ်ပတ် က ၅၃၉၃၄ ယွမ်ရှိရာမှ ၅၃၆၅၆ ယွမ် သို့ ဈေးထပ်မံကျဆင်းခဲ့ကြောင်း မူဆယ် ကုန်စည်ဒိုင်မှ သတင်း ရရှိပါတယ်။

 

မော်မော်အောင်