မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဆန်ပိုမိုတင်ပို့

       ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ စခန်းများမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၁၁၆ သန်းဖိုးရှိ ဆန်တန်ချိန် ၃၃၃၇၇တန်တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် ဆန် တင်ပို့မှု ပိုမိုခဲ့ပြီး မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် တန် ၁၁၀၀၊ ဧည့်မထဆန် ၁၈၀၄၃ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၂၀၂ တန်ကျော်၊ ဧည့်မထ ဆန် ၃၈၁ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် တန် ချိန်၁၃၆၅၀ကျော်တင်ပို့ခဲ့တာဖြစ်ပါတယ်။  ယခင်တစ်ပတ်က ဆန်၃၁၁၇၅တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ၂၂၀၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဆန်သာမက ဆန်ကွဲလည်း ပိုမိုတင်ပို့ခဲ့ကြောင်းသိရှိ ရပါတယ်။ အမေရိကန်ဒေါ်လာသုည ဒသမ ၈၉၆ သန်းဖိုးရှိ  ဆန်ကွဲ ၃၄၈၆ တန်ကျော်  တင်ပို့ပြီး မူဆယ်မှ ဆန်ကွဲ ၂၁၆၈ တန်ကျော်နဲ့လွယ်ဂျယ်မှ  ၁၃၁၈တန် ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်ကွဲ ၃၃၁၁တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၇၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။
      ပင်လယ်ရေကြောင်း ကုန်သွယ်မှု ဇန်နဝါရီ ၂၂ ရက် မှ၂၈ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇၆ သန်းဖိုးရှိ ဆန်ဖြူနဲ့  ပေါင်းဆန် ၅၂၁၅ တန် တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ ဧည့်မထဆန် တန် ၃၀၀၀ နဲ့ ငစိန်ဆန် တန် ၅၀၊ ရုရှားနိုင်ငံသို့ ဧည့်မထဆန် တန် ၂၅၀၊ သီရိလင်္ကာနိုင်ငံသို့ ငစိန်ဆန် တန် ၁၅၀ နဲ့ ဧည့်မထဆန် တန် ၂၄၀၊ အီးယူနိုင်ငံများသို့ ပေါင်းဆန် ၂၅ တန်၊ ဇီယာဆန် ၄၂၅ တန်နဲ့ဧည့်မထ ဆန် ၁၀၇၅ တန် တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန် ၁၇၇၀၀တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ၁၂၄၈၅တန် လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်ဆန်ကွဲတင်ပို့မှုအနေနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၀၂ သန်းဖိုးရှိ ဆန်ကွဲ၆၇၀၁ တန် တင် ပို့တဲ့အနက် ကင်မရွန်းနိုင်ငံသို့  ၁၇၆ တန်၊ သီရိ လင်္ကာနိုင်ငံသို့ တန် ၁၉၅၀နဲ့ အီးယူနိုင်ငံများသို့ ၄၅၇၅ တန် တင်ပို့ခဲ့တာဖြစ်ပြီး ယခင်တစ်ပတ်က ၆၃၇၅ တန် တင်ပို့ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၂၆ တန်  ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။

 

ယဉ်ယဉ်အေး