ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့

        မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၅၈၀၂ တန်ဖိုးရှိ လက်ဖက်ခြောက် ၉၂ တန်နီးပါး တင်ပို့ခဲ့ပါတယ်။ ဇန်နဝါရီ လဆန်းပိုင်း က ၃၉ တန် တင်ပို့ ခဲ့တဲ့အတွက် တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဇန်နဝါရီလတွင် လက်ဖက်ခြောက် တန် ၁၃၀ ကျော် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ် မြို့နယ်တွင် လက်ဖက်စိုက်ခင်းများ ေ အာင်မြင်ဖြစ်ထွန်းလျက်ရှိပြီး "လက်ဖက်ခင်းမှ ရရှိတဲ့ လက်ဖက်ရွက်များကို တချို့က စက်နဲ့ပေါင်း၊ စက်နဲ့လိပ်သူ တွေလည်း ရှိတယ်။ ပြီးရင်အခြောက် လှန်းရတယ်။ လက်ဖက်ရွက်အစို ငါးပိဿာလောက်မှ လက်ဖက်ခြောက် တစ်ပိဿာ ေ လာက်ရတာ။ ပုံမှန်ဝင်ငွေ ရတော့ အဆင်ပြေပါတယ်" ဟု လက်ဖက်ခြံတစ်ခြံမှ လက်ဖက်ခူးသူတစ်ဦးက ပြောပါတယ်။

 

မော်မော်အောင်