ယခုတစ်ပတ်ဆန်ပိုမိုတင်ပို့နိုင်ပြီးဈေးကွက်သစ်အဖြစ် ကင်ညာနိုင်ငံသို့ပါတင်ပို့

      မြန်မာ-တရုတ်နယ်စပ်နဲ့  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိ ကုန်သွယ်ရေးစခန်းများမှ  သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ  သုည ဒသမ ၁၉၂ သန်းတန်ဖိုးရှိ ဆန်နဲ့ကောက်ညှင်းဆန် ၂၄၅၁၇ တန်တင်ပို့ခဲ့ ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှငစိန်ဆန် ၆၉၆၆ တန်၊ ဧည့်မထဆန် ၁၂၆၀၅တန် ကျော်နဲ့ ကောက်ညှင်းဆန်တန်ချိန် ၂၀၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ  ငစိန် ဆန် ၆၇ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၄၁၇၈ တန်ကျော်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ  စစ်တွေကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၉၅ တန်၊ မောင်တောကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၅၈၆ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ကုန်သွယ်ရေးစခန်း များမှ တန်ချိန် ၂၁၀၆၀ကျော်  တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၃၄၅၇ တန်တင်ပို့နိုင်ခဲ့ပါတယ်။
       ယခုတစ်ပတ်မှာ ဆန်ပိုမိုတင်ပို့နိုင်သော်လည်း ဆန်ကွဲတင်ပို့မှု လျော့ကျခဲ့ပါ တယ်။ အမေရိကန်ဒေါ်လာ သုညဒသမ ၅၁၃ သန်းတန်ဖိုးရှိ ဆန်ကွဲ ၂၀၃၆ တန် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ ၁၆၇၈ တန်ခန့်နဲ့ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ၃၅၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ၃၉၆တန် လျော့နည်းခဲ့ကြောင်း သိရှိရပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  သြဂုတ် ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၂ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်း ဆန် ၃၇၅၇၄တန် ကျော်ကို အရှေ့တောင်အာရှ၊ အာဖရိကနဲ့ ဥရောပနိုင်ငံများသို့ တင်ပို့ခဲ့ရာ မလေးရှားနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၇၈၀၊ အာဖဂန်နစ္စတန်နိုင်ငံသို့ ဧည့်မထဆန် ၁၆၂၅ တန်၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဧည့်မထ ဆန်တန်ချိန် ၁၀၀၀၀၊ စင်ကာပူနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၁၅၀၀၊ ရုရှားနိုင်ငံသို့ ဧည့်မထဆန် ၈၇၈ တန်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဧည့်မထဆန် ၂၂၅ တန်တင် ပို့ခဲ့ပါတယ်။
        တောင်အာဖရိကနိုင်ငံသို့  ဧည့်မထဆန် ၁၉၁၅ တန်၊ ဂါနာနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၁၃၀၀၀၊ ကင်ညာနိုင်ငံ သို့ ဧည့်မထဆန် ၈၇၅ တန်၊ မက်ဒါဂါစကားနိုင်ငံသို့ ဧည့်မထ ဆန် ၃၁၂၅ တန်၊  တိုဂိုနိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၂၀၀၀ တင်ပို့ခဲ့ပြီး အီးယူနိုင်ငံများသို့ ပေါင်းဆန် ၅၂၆ တန်နဲ့ဧည့်မထ ဆန် ၁၁၂၅ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၂၄၄၆၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၃၁၁၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဈေးကွက် သစ်အဖြစ် ကင်ညာနိုင်ငံသို့ပါ တင်ပို့နိုင်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်းမှ ယခုတစ်ပတ် ဆန်ပိုမိုတင်ပို့နိုင် သော်လည်း ဆန်ကွဲတင်ပို့မှုလျော့ကျခဲ့ပါတယ်။ အမေရိကန် ဒေါ်လာ၂ ဒသမ၁၈၄သန်းတန်ဖိုးရှိ ဆန်ကွဲ ၈၉၀၆ တန်တင် ပို့ခဲ့ရာ ဗီယက်နမ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၀၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၂၀၀၊ တရုတ်နိုင်ငံသို့   ၄၆ တန်၊ ဂျီဘူတီနိုင်ငံသို့ တန်ချိန် ၄၅၀၊ ဂမ်ဘီယာနိုင်ငံသို့ ၁၂၅ တန်၊ မက်ဒါဂါစကား နိုင်ငံသို့ တန်ချိန် ၃၀၀၊ အီးယူနိုင်ငံများသို့ ၇၅၃၅တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်ကွဲ ၁၂၇၈၈ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ဆန်ကွဲတင်ပို့မှု ၃၈၈၂ တန်လျော့ကျ ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ပင်လယ်ရေကြောင်းမှ ဆန်ပိုမိုတင်ပို့နိုင်ပြီး ဈေးကွက်သ စ်လည်း ထပ်မံရရှိခဲ့တာတွေ့ရပါ တယ်။

 

ယဉ်ယဉ်အေး