ရော်ဘာဈေးအနည်းငယ်ပြန်တက်

         မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၀၄ သန်းတန်ဖိုးရှိ ရော်ဘာ ၈၇၅ တန်ကျော် တင်ပို့ ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ RSS 5 အမျိုးအစားတန်ချိန် ၃၀၊ MSR 20 အမျိုးအစား ၃၂၂ တန်ကျော်၊ ရော်ဘာဖြတ်စတန်ချိန် ၈၀၊  ချင်းရွှေဟော်ကုန်သွယ်ရေးစခ န်းမှ RSS 3 အမျိုးအစား တန်ချိန် ၁၄၀၊ RSS 5 အမျိုးအစား ၂၈၅ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ RSS 3 အမျိုးအစား ၁၀ တန်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး ရှစ်တန်တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ ၈၅၅ တန် ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ချိန် ၂၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခု တစ်ပတ်မူဆယ်ကုန်စည်ဒိုင်မှ ရော်ဘာပေါက်ဈေးမှာ RSS 3 အမျိုး အစားတစ်တန်လျှင် ကျပ် ၁၉ ဒသမ ၉၅၉ သိန်းရှိပြီး ယခင်တစ်ပတ်ထက်တစ်တန်ကို ၈၀၃၂ ကျပ် ဈေးတက်ကြောင်း သိရှိရပါတယ်။
           ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ သြဂုတ် ၁၃ ရက်မှ ၁၉ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ရော်ဘာ MSR 20 အမျိုးအစားတစ်မျိုးတည်း ၆၉၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ မေ လးရှားနိုင်ငံသို့ တန် ၁၀၀ နဲ့ ဂျပန်နိုင်ငံသို့ ၅၉၆ တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်က ဂျပန်နိုင်ငံသို့ MSR 20 အမျိုးအစား ၂၄၉ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၄၄၇ တန်ပိုမိုခဲ့ပါတယ်။ ယခုတစ်ပတ် နိုင်ငံတကာရော်ဘာေ ဈးတစ်တန်လျှင် ဒေါ်လာ ၅၀ ခန့်ဈေးတက်ကြောင်းနဲ့ မြန်မာ့ရော်ဘာ FOB ဈေးလည်း တစ်တန်လျှင် ဒေါ်လာ ၅၀ ဈေးတက်ကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများရဲ့ ဈေးနှုန်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ယဉ်ယဉ်အေး