မြန်မာ-ထိုင်းနယ်စပ်မှ ရေထွက်ကုန်များ တင်ပို့မှုလျော့ကျ

       မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၇၃ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၆၀၇၉ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ၆၂၅၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၇၁ တန်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်နဲ့   ကော့သောင်းကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန် ပိုမိုတင်ပို့ခဲ့ပေမယ့် မြိတ်ကုန်သွယ်ေ ရးစခန်းမှ ရေထွက်ကုန်များ တင်ပို့မှုလျော့နည်းခဲ့တဲ့အတွက် ယခုလိုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။
      တင်ပို့မှုကိုကြည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၂၄၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်၊ အခြားရေထွက်တို့ကို ၂၁၅ တန်၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၄၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကင်းမွန်၊ အခြားရေထွက်ကုန် ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ပင်လယ်ငါးရှဉ့်တို့ကို ၄၃၉ တန်နဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁ဒသမ၅၈၁သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ရေငန်ပုစွန်၊ ကင်းမွန်၊ ကင်းမွန်(လိပ်)၊သဲကဏန်း တို့ကို ၁၄၇၂ တန်တင်ပို့ခဲ့တယ်လို့သတင်းရရှိပါတယ်။

 

ခင်မိုးသူ