ပြည်မိုးနှမ်းနီ ဝယ်လိုအားရှိပေမယ့် ပစ္စည်းပြတ်သွားလို့ ဈေးကျလာ

      ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းနက်နှင့် စမုံနှမ်းနက်မှာ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေသော်လည်း နှမ်းနီမှာ ဈေးအနည်းငယ်ကျလာ တာ တွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း နှင့် နတ်တလင်းဘက်ရှိ တာပွန်ရွာ  မှ တစ်နေ့လျှင် နှမ်းအိတ် ၅၀၀ ခန့်သာ ဝင်ရောက်နေတာ တွေ့ရပါတယ်။ နှမ်း နီမှာ အဝယ်ရှိပေမယ့် ပစ္စည်းလက်ကျန် နည်းလာလို့ ဈေးပါကျလာတာ တွေ့ ရပါတယ်။
       ယခင် စက်တင်ဘာလဆန်းတွင် ဖြစ်ပေါ်ခဲ့သော နှမ်းဈေး များမှာ နှမ်းနီ သုံးတင်းတစ်အိတ်လျှင် ကျပ် ၉၅၀၀၀၊ နှမ်းနက် သုံးတင်းတစ်အိတ်လျှင် ကျပ် ၉၃၀၀၀ နှင့် စမုံနက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၂၃၀၀၀ ေ ဈး ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ် အောက်တိုဘာလဆန်းဈေးနှုန်းမှာ နှမ်းနီ သုံးတင်း တစ်အိတ်လျှင် ကျပ် ၈၅၀၀၀၊ နှမ်းနက် သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ နှင့် စမုံနက်နှမ်း သုံးတင်း  တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့် ယခုတစ်ပတ်တွင် ရောင်းဝယ်နေတာတွေ့ရပါတယ်။ ယခင်နှစ်ကာလ တူဈေးနှုန်းမှာ နှမ်းနီ သုံးတင်းတစ်အိတ်လျှင် ကျပ် ၈၅၀၀၀၊ နှမ်းနက် သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ နှင့် စမုံနက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျ ပ် ၁၄၅၀၀ ရှိခဲ့တာ တွေ့ရပါတယ်။ နှမ်းနီနှင့် နှမ်းနက်မှာ မနှစ်ကအတိုင်း ဈေးတူနေသော်လည်း  စမုံနက်နှမ်းဈေးမှာ ယခင်နှစ်ကလောက်  ဈေးကောင်းမရတာ တွေ့ရပါတယ်။

 

ဝေေ၀မင်း