နို့ဆီတန်ချိန် ၄၀၀ကျော်နဲ့ နို့မှုန့်တန်ချိန် ၁၅၀ကျော်ဝင်

     အောက်တိုဘာ ၁၅ ရက်မှ ၂၁ ရက်အထိ  သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ၅၃၃၁၀၇ တန်ဖိုးရှိ နို့ဆီ ၄၁၇ ဒသမ ၃၁၂တန်ကို  ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ  တင်သွင်းခဲ့ ပါတယ်။ ဒီတစ်ပတ် စင်ကာပူနိုင် ငံမှ ၂၁၈ ဒသမ  ၈၈ တန်နဲ့ မလေးရှားနိုင်ငံမှ ၁၉၈ ဒသမ ၄၃၂တန် တင်သွင်းခဲ့ပါ တယ်။ တင်သွင်းခဲ့တဲ့တံဆိပ်မှာ အိုကေ နဲ့ ံခေုတို့ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်က တင်သွင်းခဲ့တဲ့နို့ဆီတန်ချိန်၄၉၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတ စ်ပတ်မှာ တန် ချိန် ၈၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့ တယ်လို့သိရပါတယ်။
     နို့မှုန့်က ဒီတစ်ပတ်မှာနယူးဇီလန် နိုင်ငံမှ  ၅ဒသမ ၁၀၆ တန်၊  စင်ကာပူ နိုင်ငံမှ သုညဒသမ ၄၀၂ တန်၊ ဂျာမနီ နိုင်ငံမှ ၄ ဒသမ ၇၅၂ တန်၊ ပိုလန်နိုင်ငံမှ ၂၂ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ ၁၄ ဒသမ ၉၈တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က    တင်သွင်းခဲ့တဲ့ နို့မှုန့် တန်ချိန် ၃၉၀ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန်၂၃၀ကျော် တင် သွင်းမှုလျော့နည်းခဲ့တယ်လို့   သိရပါ တယ်။ ဒါကြောင့်  ဒီတစ်ပတ်မှာ   နို့ဆီ ရော နို့မှုန့်ပါ အဝင်လျော့ခဲ့ပါတယ်။

 

သီတာဝင်း (DOT)