ကုန်သွယ်ရေးစခန်းများမှအနီးစပ်ဆုံးလထက် နိုဝင်ဘာလမှာဆန်နဲ့ဆန်ကွဲပိုမိုတင်ပို့

          မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ၁ ရက်အထိ သီတင်းတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၈၂၃ သန်းတန်ဖိုးရှိ ဆန်နဲ့ကောက် ညှင်းဆန် ၅၄၂၇၈ တန် တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ  ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ   ဧည့်မထဆန် ၄၀၉၈၇ တန်ကျော်နဲ့ ကောက်ညှင်းဆန်၁၁၃တန်ခန့်၊ ချင်းရွှေ ဟော်ကုန် သွယ်ရေးစခန်းမှ ဧည့်မထဆန်ငါးတန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၂၁၆၂ တန်တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၃၃၅တန်နဲ့  မောင်တောကုန်သွယ်ရေး စခန်းမှ ဧည့်မထဆန် ၆၇၆ တန်ခန့် တင်ပို့ခဲ့ပါတယ်။  ယခင်တစ်ပတ် က ကုန်သွယ်ရေးစခန်းများမှ ၆၀၃၁၈ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ချိန် ၆၀၄၀ လျော့ကျခဲ့ပါတယ်။ နိုဝင် ဘာတစ်လလုံးမှာ အမေရိကန်ေ ဒါ်လာ ၇၇ ဒသမ ၅၉၆ သန်း တန်ဖိုးရှိ ဆန်၂၁၆၂၅၂တန်ခန့်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး အောက်တိုဘာလက ၁၀၉၂၇၁ တန်ကျော်တင်ပို့ခဲ့တဲ့အတွက် နိုဝင်ဘာမှာဆန် ၁၀၆၉၈၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
          ယခုတစ်ပတ်မှာ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၂၃ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၀၈၈ တန်တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ၇၆၅ တန် ကျော်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ၃၂၃ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်ကွဲ ၂၆၃၂ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၅၄၄တန်လျော့ကျခဲ့ပါတယ်။ ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာလတစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၉၁ သန်း တန်ဖိုးရှိ ဆန်ကွဲ ၈၂၇၈တန်တင်ပို့ခဲ့ပြီး   အနီးစပ်ဆုံးအောက်တိုဘာလက ၇၄၃၉တန်ကျော် တင်ပို့ခဲ့တဲ့အတွက် နိုဝင်ဘာလမှာ ၈၃၉ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သီတင်းတစ်ပတ်အတွင်း အမေရိကန် ဒေါ်လာ ၄ ဒသမ ၄၂၇ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန် ၁၂၆၂၆ တန်တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အများဆုံးတင်ပို့ပြီး ဧည့်မထဆန်တန်ချိန် ၅၉၀၀ တင်ပို့ပါတယ်။ မက်ဒါဂါစကားနိုင်ငံသို့  ဒုတိယအများဆုံး တင်ပို့ပြီး ဧည့်မထဆန်တန်ချိန် ၂၃၆၇ တန်တင်ပို့ပါတယ်။ ထပ်မံပြီး သီရိလင်္ကာနိုင်ငံသို့ ဧည့်မထဆန် ၁၃၇၅ တန်နဲ့ ငစိန်ဆန်တန်ချိန် ၅၆၀၊ အီးယူနိုင်ငံများသို့ ပေါင်းဆန်တန်ချိန် ၈၀၀နဲ့ ဧည့်မထဆန်တန်ချိန် ၅၅၀၊စင်ကာပူနိုင်ငံသို့ပေါ်ဆန်း ဆန် ၂၄ တန်၊ တောင်အာဖရိကနိုင်ငံသို့ ဧည့်မထ ဆန်တန်ချိန် ၇၅၀၊ ရုရှားနိုင်ငံသို့ ပေါင်းဆန်တန်ချိန် ၃၀၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က    ဆန်တန်ချိန် ၁၇၉၂၁  တန် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၅၂၉၅တန် လျော့နည်းခဲ့ပါတယ်။
        ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ   ၁၃ ဒသမ ၈၅၁ သန်းတန်ဖိုးရှိ  ဆန် ၃၉၂၈၇ တန်တင်ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံးအောက်တိုဘာလက ဆန် ၉၈၀၉၄ တန်တင်ပို့ခဲ့တဲ့အတွက် နိုဝင်ဘာလမှာ ၅၈၈၀၇ တန်လျော့ကျခဲ့ပါတယ်။ ယခုတစ်ပတ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၀၈ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၆၆၀၀ တင်ပို့ခဲ့ရာ အင်ဒိုနီးရှား နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀၀၀၊ မက်ဒါဂါစကားနိုင်ငံသို့ တန် ချိန် ၅၀၀၊   စင်ကာပူူနိုင်ငံသို့ တန်ချိန် ၁၅၀၊ မလေးရှား နိုင်ငံသို့ ၁၂၅ တန်နဲ့ အီးယူနိုင်ငံများသို့ ၄၈၂၅ တန်တင်ပို့ ခဲ့ပါတယ်။နိုဝင်ဘာတစ်လလုံးမှာ   ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၄၅ သန်း တန်ဖိုး ရှိ ဆန်ကွဲတန်ချိန် ၁၅၃၉၀ တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး အောက်တိုဘာလက ၁၉၆၅၅ တန်တင်ပို့ခဲ့တဲ့အတွက် နိုဝင်ဘာလမှာ ဆန်ကွဲတင်ပို့မှု ၄၂၆၅ တန်လျော့ကျခဲ့ပါ တယ်။ အနီးစပ်ဆုံးလထက် နိုဝင်ဘာလမှာ   ကုန်သွ ယ်ရေး စခန်းများမှ ဆန်နဲ့ဆန်ကွဲပိုမိုတင်ပို့ပြီး ပင်လယ်ရေကြောင်းမှ လျော့ကျခဲ့ကြောင်းသိရပါတယ်။

 

ယဉ်ယဉ်အေး