တောင်ကြီး၌ ကြက်သွန်ဖြူကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ  တောင်ကြီးမြို့ ကမ္ဘောဇ ကုန်သွယ်မှုဗဟိုဌာနခန်းမတွင် ကြက်သွန်ဖြူကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၂ ရက် က ကျင်းပသည်။ ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက အဖွင့်အမှာ စကားပြောရာ  ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချရာတွင် အခက်အခဲမျာ ကို  တင်ပြပေးကြရန်နှင့် စိန်ခေါ်မှု များကို ပူးပေါင်းဖြေရှင်းသွားကြရမည်ဖြစ်ကြောင်း၊ ကြက်သွန်ဖြူ တွက်ခြေမကိုက်၍ မစိုက်လျှင် ဝယ်စားရမည့်အဆင့်ကို ရောက်သွားနိုင်ကြောင်း၊ စိုက်လည်းစိုက် ပိုလျှံတာကိုလည်း ပြည်ပသို့ တင်ပို့နိုင်ေ ရးနှင့် ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ပေးရေးနှင့် ချေးငွေရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကြက်သွန်ဖြူ ပြည်ပ တင်ပို့နိုင်မှုမများသော်လည်း ဒီဒေသ၌ လုပ်ကိုင်စားသောက် သူများအနေဖြင့်  ဒီကဏ္ဍဖွံ့ဖြိုး တက်ရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သီးနှံရဲ့သဘာဝက ပေါ်ချိန်မှာ ဈေးကျ တတ်သည့်သဘောရှိကြောင်း၊ ကြက်သွန်ဖြူသီးနှံကို ဝယ်ယူပြီး ထိန်းသိမ်းထားသည့်ကုမ္ပဏီ၊  သိုလှောင်ရုံများရှိရမည်ဖြစ် ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်အရ  ယှဉ်ပြိုင်မှုဆိုတာကိုတော့  ခွင့်ပြုရမည်ဖြစ်ပြီး  ကြက်သွန်ဖြူများ တရားမဝင် ဝင်ရောက်မှုကိုတော့ ဖမ်းဆီးမှုများပြုလုပ်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဧရိယာရှည်လျားသဖြင့် မှောင်ခိုဝင်ရောက်မှု ရှိနေ သည်ကို တားဆီးရမည်ဖြစ်ကြောင်း၊ သီးနှံထုတ်လုပ်သူများ များပြားလာအောင်  ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အထများရှိလာရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကြက်သွန်ဖြူကို ပြည်ပနို င်ငံတွေမှာ တန် ထောင်၊ သောင်း၊ သိန်းချီပြီး တင်ပို့နေကြကြောင်း၊ မြန်မာ့ ကြက်သွန်ဖြူ စားသုံးပိုလျှံမှုအပေါ် နှစ်စဉ်တန် ၃၀၀၀ ပတ်ဝန်း ကျင် ပြည်ပတင်ပို့နေမှုအပေါ် ပမာဏမများ၍ ဈေးကွက် ရှာဖွေရန် မခဲယဉ်းနိုင်ကြောင်း ၊ မြန်မာ့ကြက်သွန်ဖြူမှာ အရသာ ကောင်းကြောင်း၊  အမျိုးသားပို့ကုန်မဟာဗျူဟာ အရေးကြီးသီးနှံများထဲတွင် ကြက်သွန်ဖြူကဏ္ဍပါဝင်လာရန်  ကြိုးပမ်း ရမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲမှ ကြက်သွန်ဖြူ ပြည်ပပိုမိုတင်ပို့နိုင်ေ ရး ကြိုးပမ်းအားထုတ်သွားကြရန် ဆွေးနွေး ပြောကြားသည်။
      ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ကြက်သွန် ဖြူ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးခွန်ဘဟိန်းက ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ်ရောင်းချမှုအခြေအနေများကိုလည်းကောင်း၊ စားသုံးသူရေး ရာဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းခိုင်က ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်း ကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးသူက  ကြက်သွန်ဖြူနှင့် ပတ် သက်၍ တွေ့ရှိရသောအခြေအနေ၊ ပြည်ပဈေးကွက်အခြေအနေနှင့် အနာဂတ်အလားအလာများကိုလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီအောင်က တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်များနှင့် မျိုးတင်သွင်းမှုအခြေအနေများကိုလည်းကောင်း၊ ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ဦးထွန်းစိန်က ကြက်သွန်ဖြူ စံပြ စိုက်ကွက်များ လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်းကို လည်းကောင်း၊ စိုက် ပျိုးရေးသုတေသနအရာရှိ ဒေါ်လုဘူက ကြက်သွန်ဖြူသုတေသနစာတမ်းဖတ်ကြားခြင်းကိုလည်း ကောင်း၊   ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းမှ ဦးခွန်သောင်းစိန်က ကြက်သွန်ဖြူဈေးကွက် ခိုင်မာေ ရးအကြောင်းကိုလည်းကောင်း၊  ရွှေမြေကြီးအော်ဂဲနစ် အသင်းဥက္ကဋ္ဌ ဦးလှမြင့်ကျော်က ကြက်သွန်ဖြူမျိုးပြောင်းလဲ ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ Potato ကုမ္ပဏီ ဦးအောင်သန်းကျော် တရုတ်ကြက် သွန်ဖြူမျိုး နှင့် မြန်မာကြက်သွန်ဖြူမျိုးများအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး သိရှိလို၍  မေးမြန်းသည်များကိုလည်း တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းေ ရာင်းဝယ်ရေး ဝန်ကြီးဌာနမှ   အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ  ညွှန်ကြားရေးမှူး ဦးမျိုးသူ နှင့် တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစိုးရဌာန အဖွဲ့အစည်းများ၊    ကြက်သွ န်ဖြူ စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ၊ အဖွဲ့အစည်းများတက်ရောက်ခဲ့ကြသည်။

 

စောမောင်