အပြည်ပြည်ဆိုင်ရာ ပေါင်းစည်းရေးကို ဗီယက်နမ်နိုင်ငံက စံချိန်တင်ဆောင်ရွက်မည်

        ဗီယက်နမ်နိုင်ငံရဲ့ အပြည်ပြည် ဆိုင်ရာပေါင်းစည်းရေး ကြိုးပမ်းမှုတွေက လာမယ့်ငါးနှစ်အတွင်းမှာ  ပိုမိုပြီး အရှိန်မြင့်တက်လာလိမ့်မယ်လို့ ဇွန် ၁၇ ရက်က ဟနွိုင်းမြို့မှာကျင်းပတဲ့  စားပွဲဝိုင်းဆွေးနွေးပွဲမှာ ဒုတိယနိုင်ငံခြားေ ရးဝန်ကြီး ဘူအိသန်းဆန်းကပြောကြောင်း ဗီယက်နမ်နယူးစ်အေဂျင်စီသတင်းမှာ ဖော်ပြပါတယ်။ ဗီယက်နမ် အပြည်ပြည်ဆိုင်ရာ ပေါင်းစည်းရေးဆွေးနွေးပွဲသို့ ကိုယ်စား လှယ်ပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်ခဲ့ သူများအနက် နိုင်ငံ ခြားသံအမတ်များ၊ သံတမန်အဖွဲ့အစည်းများ၊ နိုင်ငံခြားအဖွဲ့အစည်းများ၊ သုတေသနအဖွဲ့အစည်းများ၊ စီးပွားရေးလုပ် ငန်းများနဲ့ ဒေသဆိုင်ရာအသိုက်အဝန်းများမှ ကိုယ်စားလှယ်များ ပါဝင်ပါတယ်။
         အပြည်ပြည်ဆိုင်ရာ ပေါင်းစည်း ရေးကို ဦးတည်ချက်ထားပြီး နယ်ပယ်စုံမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစည်း ရေးအတွက်ရေးဆွဲထားတဲ့ ဗီယက်နမ် နိုင်ငံရဲ့ မူဝါဒတွေကို ဆန်းကတင်ပြခဲ့ပါတယ်။ ဖွံ့ဖြိုးရေးအတွက် ဆောင် ရွက် တဲ့အဆင့်သစ်မှာ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်း စတဲ့နယ်ပယ်များမှ တစ်ဆင့်  ပေါင်းစည်းရေးလုပ်ငန်းတွေကို အရှိန်တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆန်းကပြောပါတယ်။ အာ ဆီယံ  အသိုက်အဝန်းသာမက  ဒေသတွင်း  ပေါင်းစည်းရေးနဲ့ နိုင်ငံစုံသံတမန်ဆက်သွယ်မှုမှ တစ်ဆင့် တစ်ကမ္ဘာလုံးနဲ့ ပေါင်းစည်းရေးတို့ကို ဗီယက်နမ်နိုင်ငံက တိုးတက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
         "ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ ဗီယက်နမ် နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ မှာပါဝင်နေပြီး ဒီလိုဆောင်ရွက်ရာမှာ ဗီယက်နမ်နိုင်ငံရဲ့ အတွေ့အကြုံများကို မျှဝေပေးပြီး  ဒီကြိုးပမ်းမှုမှာ ဗီယက် နမ် နိုင်ငံ ရဲ့ အခန်းကဏ္ဍကိုမြှင့်တင်သွားမှာ ဖြစ်ပါတယ်"လို့  တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ ပေါင်းစည်း မှုက ဗီယက်နမ်နိုင်ငံရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးမှုနဲ့ သံတမန်ရေးရာအခန်းကဏ္ဍကို ခိုင်ခိုင်မာမာ  အထောက်အကူပေး နိုင်ကြောင်း ဗီယက်နမ်နိုင်ငံရှိ ကုလသမဂ္ဂဌာန ပေါင်းစပ်ညှိနှိုင်းရေးမှူး ပရာတီဘာမဲထာက ပြောပါတယ်။ ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ဖွံ့ဖြိုး ရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ ဗီယက်နမ်နို င်ငံ ရဲ့ စွမ်းဆောင်မှုတွေက အဖိုးတန်တဲ့ သင်ခန်းစာတွေဖြစ်ပြီး အခြားနိုင်ငံ တွေအထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးရေး အစီအစဉ်အကောင်အထည်ဖော်ရာမှာ အထောက်အကူဖြစ်ဖို့ မျှဝေပေးသင့်ေ ကြာင်း မဲထာက ပြောပါတယ်။