ပဲပုပ်တင်ပို့မှု မြှင့်တက်ရန်အတွက် အာရှနိုင်ငံများသို့ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ တစ်ဖွှွဲ့ စေလွှတ်

        အိန္ဒိယနိုင်ငံ၌ ယခုနှစ်ရာသီတွင် ပဲပုပ်အထွက်နှုန်း ကောင်းမွန်မည့် အလားအလာရှိရာ အိန္ဒိယပဲပုပ်ထုတ် လုပ်သူများအသင်း (Soybean Processors Association of Indian SOPA) သည် အိန္ဒိယပဲပုပ်အစားအစာ တင်ပို့မှု မြှင့်တင်နိုင်ရန်အတွက် အရှေ့အာရှနှင့် တောင်အာရှနိုင်ငံများသို့ အဖွဲ့ဝင် ငါးဦးပါဝင်သည့် ကိုယ်စားလှယ်တစ်ဖွဲ့အား စေလွှတ်ခဲ့သည်။ ပို့ကုန်မြှင့်တင် ရေးဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ SOPA သို့ ပြည်ထောင်စုအစိုးရ က အထောက်အပံ့များ အပြည့်အဝထပ် တိုးပေးထားသည်ဟုဆိုသည်။ SOPA ဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဂျပန်စသည့် ငါးနိုင်ငံသို့ စက်တင်ဘာလ ၁၈ ရက်မှ ၂၈ ရက်အထိ သွားရောက်ခဲ့ကြောင်း၊ ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါနိုင်ငံများတွင် ဈေးကွက်များရရှိနိုင်ရေး ရှာဖွေသွားမည်ဖြစ်ပြီး၊ အလားအလာရှိသည့် ပဲပုပ်အစားအစာ ဝယ်ယူသူများ၊ ကုန်သွယ်မှု အဖွဲ့များနှင့် တွေ့ဆုံခဲ့ သည်။ အိန္ဒိယနိုင်ငံသည် အာရှနိုင်ငံများသို့ ပဲပုပ်အစားအစာ အဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်းက ဈေးနှုန်းကွာဟချက်များကြောင့် ပို့ကုန်ပမာဏမှာ တဖြည်းဖြည်း ကျဆင်းလာ ခဲ့သည်။ ယခုအခါ သီးနှံအထွက်နှုန်းကောင်းမွန်မည့် အလားအလာရှိရာ အိန္ဒိယအနေဖြင့် အာရှနှင့် အရှေ့တောင်အာရှ ဈေးကွက်များသို့ ယှဉ်ပြိုင်ဈေးနှုန်းများ ဖြင့် ပြန်လည်ဝင်ရောက်ရန်မှာ ဖြစ်နိုင်ခြေကောင်းမွန်ကြောင်း၊ ပိုမို ေ ကာင်းမွန်သည့် အားသာချက်တစ်ခုမှာ အိန္ဒိယပဲပုပ်အစားအစာများသည် မျိုးရိုးဗီဇ ပြုပြင်ထားခြင်းမရှိသည့် (non-GM) များဖြစ်နေခြင်းကြောင့်ဖြစ်သည်ဟု SOPA က ပြောကြားခဲ့သည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့