ထိုင်းနိုင်ငံမှ ဂျုံတင်သွင်းသူများသည် ပြည်တွင်းပြောင်းကိုလည်း ဝယ်ယူရမည်

         ထိုင်းနိုင်ငံတွင် ပြည်တွင်းပြောင်း ဈေးနှုန်း မြင့်တက်လာစေရန်အတွက် ပြည်ပမှဂျုံတင်သွင်းသူများသည် ပြည်တွင်းမှထွက်ရှိသည့် ပြောင်းများကို လည်း ဝယ်ယူရမည်ဟု ထိုင်းအစိုးရ အဖွဲ့က ဆုံးဖြတ်ခဲ့ပါသည်။ ပြည်ပမှ ဂျုံတင်သွင်းသူများသည် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းကို တစ်ကီလိုဂရမ်လျှင် ရှစ်ဘတ် နှုန်းဖြင့် ဝယ်ယူရမည်ဖြစ်ကြောင်း၊ တိရစ္ဆာန်အစားအစာထုတ်လုပ်ရန် အတွက် ဂျုံတင်သွင်းမှုသည် ဌာနဆိုင် ရာ ခွင့်ပြုချက် ရရှိ ရန်လိုအပ်ကြောင်း၊ ယခင်က တိရစ္ဆာန်အစာ ထုတ်လုပ်မှု အတွက် ဈေးနှုန်းချိုသာသောပြောင်း ကုန်ကြမ်းကို နှစ်သက်ကြသော်လည်း  ယခုအချိန်တွင် ဈေးနှုန်းချိုသာသော ပြည်ပမှတင်သွင်းသည့် ဂျုံကိုပိုမိုအသုံး ပြုလာကြောင်း၊ ကမ္ဘာ့စီးပွားရေး နှေးကွေးမှုကြောင့် ကမ္ဘာ့ဂျုံဈေးနှုန်း ကျဆင်းခြင်းနှင့် ထိုင်းနိုင်ငံသို့ ပြည်ပမှ ဂျုံတင်သွင်းပါက အခွန်ကင်းလွတ်ခြင်း များကြောင့် ဂျုံကိုပိုမိုတင်သွင်းလာပြီး ပြည်တွင်းပြောင်းဈေးနှုန်းကို ထိခိုက်ကျ ဆင်းစေခဲ့သောေ ကြာင့် ထိုင်းတောင်သူ များ ထိခိုက်နစ်နာလျက်ရှိကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အကြံပေး မစ္စတာ နတ်တာမွန်က ပြောကြားခဲ့ပါသည်။
         ထိုင်းနိုင်ငံတွင် ယမန်နှစ်က ဂျုံ တင်သွင်းမှုတန်ချိန်စုစုပေါင်း ၃  ဒသမ ၉ သန်းရှိခဲ့ရာမှ ယခုနှစ်ပထမကိုးလ တွင် ဂျုံတန်ချိန် ၂ ဒသမ ၇၇ သန်း တင်သွင်းခဲ့ပြီးဖြစ်ပါသည်။ ကမ္ဘာ့ဈေးကွက်တွင် ချီကာဂိုဂျုံသည် တစ်ကီလိုဂရမ် လျှင် ၅ ဒသမ ၃၂ ဘတ် ရှိ သော်လည်း ထိုင်းဈေးကွက်တွင် အစို ဓာတ် ၁၄ ဒသမ ၅ ရာခိုင်နှုန်းရှိ ဂျုံတစ် ကီလိုဂရမ်လျှင် ခြောက်ဘတ်နှင့်ကိုး ဘတ်ကြားတွင် ရှိပါသည်။ ထိုင်းနိုင်ငံတွင် ပြောင်းကိုသြဂုတ် လမှ ဒီဇင်ဘာလအထိ ထုတ်လုပ်၍ ယင်းကာလသည် ရောင်းလိုအား အလွန်မြင့်မားသည့်ကာလဖြစ်ပါသည်။ နိုဝင်ဘာလတစ်လအတွင်း တိရစ္ဆာန် အစားအစာထုတ်လုပ်မှုအတွက် ပြောင်းဝယ်လိုအားသည် တန်ချိန် ငါးသိန်းရှိသော်လည်း ပြောင်းထုတ် လုပ်မှုသည် တန်ချိန် ၈ ဒသမ ၆၆ သိန်းရှိနိုင်  ကြောင်းနှင့်  ထုတ်လုပ်မှုပိုလျှံ၍ ပြည်တွင်း ပြောင်းဈေးနှုန်းသည် ဆက်လက်ကျဆင်းနိုင်ကြောင်း တွေ့ရှိပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို