တရုတ်နိုင်ငံတွင် အဆင့်မြင့်ဇိမ်ခံကားများအပေါ် အခွန်နှုန်းတိုးမြှင့်စည်းကြပ်

          တရုတ်နိုင်ငံတွင် လေထုညစ် ညမ်းမှု တားဆီးလျှော့ချနိုင်ရန်နှင့် အပို သုံးစွဲမှုအား နှိမ်နင်းနိုင်စေရန် ကြိုးစား မှုအဖြစ် ယွမ်တန်ဖိုး ၁ ဒသမ ၃ သန်း ထက်ပိုသော အဆင့်မြင့်ဇိမ်ခံကားများ အပေါ်တွင် အခွန် ၁၀ ရာခိုင်နှုန်း ထပ်မံစည်းကြပ်သွားမည်ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန် သော ထုတ်ပြန်ချက်အရ ဆင်ခြင်တုံ တရားဖြင့် အမြော်အမြင်ရှိရှိသုံးစွဲနိုင် ရန် ရည်ရွယ်၍ အခွန်နှုန်းအသစ် အား ဒီဇင်ဘာလ ၁ ရက်က Farrari ကား အမျိုးအစားကဲ့သို့ အဆင့်မြင့်ဇိမ်ခံ ကားများအပေါ်တွင် စတင်ကောက်ခံ ရန် စည်းမျဉ်းအသစ်ရေးဆွဲခဲ့သည်။ တရုတ်အစိုးရသည် ယခင်က တည်းကပင် တရုတ်နိုင်ငံသို့ တင်သွင်း သော မော်တော်ယာဉ်များအပေါ် အခွန် ၂၅ ရာ ခိုင်နှုန်း ကောက်ခံခဲ့သည်။ တရုတ်နိုင်ငံအတွင်း Lamborghini နှင့် Porsche အမျိုးအစား ကဲ့သို့သော အနောက်နိုင်ငံ၏ ကုမ္ပဏီများမှ ၎င်းင်းတို့ ၏ ပြိုင်ကားများ ကမ်းလှမ်းရောင်းချမှု တိုးမြှင့်လာခဲ့ကြပြီး၊ တရုတ်နိုင်ငံမှာ ကမ္ဘာ တွင်ဇိမ်ခံကားအများဆုံးအသုံး ပြုသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ် ကြောင်း သိရှိရပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဟောင်ကောင်မြို့