ထိုင်းနိုင်ငံရှိ GM ကုမ္ပဏီ အလုပ်အကိုင်ပေါင်း ၃၂၇ ခုကို လျှော့ချ

      ထိုင်းနိုင်ငံတွင် ပြည်တွင်းကားထုတ်လုပ်မှု လုပ်ကိုင်နေ သော အမေရိကန်နိုင်ငံမှ General Motor (GM )ကားကုမ္ပဏီ အနေဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချရန်နှင့် ထုတ် လုပ်မှု အခြေအနေကိုလျှော့ချရန် ရည် ရွယ်၍ ရယောင်း (Rayong) ရှိ ၎င်းတို့၏ စက်ရုံမှ နောက်ထပ် အလုပ်အကိုင်ပေါင်း ၃၂၇ ခုကို လျှော့ချခဲ့သည်။ ထိုင်းနိုင်ငံရှိ GM ကုမ္ပဏီမှ ပုံမှန်နှင့် ကန်ထရိုက်ဖြင့် အလုပ်လုပ်နေသူ အလုပ်သမားများထံသို့ ဗုဒ္ဓဟူးနေ့က အလုပ် မှ ထုတ်ပယ်ကြောင်းစာများ ပေးပို့ခဲ့သည်ဟု ဆိုရှယ်မီဒီယာ များတွင် လွန် စွာပျံ့နှံ့ခဲ့သည်။ လျှော့ချလိုက်သည့် စာရင်းတွင် ပုံမှန်အလုပ်သမား ၁၄၁ ဦးပါရှိသည်။

    ယင်းကိစ္စနှင့်စပ်လျဉ်း၍ နီးစပ်သည့်ရင်း မြစ်များ၏ Bangkok post ကို ပြောကြားချက်အရ ယခုအစီအစဉ်မှာ GM ၏ ဒေသတွင်းရှိ ၎င်း၏ ဖွဲ့စည်းပုံအင်အားပြင်ဆင်ရေး နှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ သို့ရာတွင် ထိုင်းပြည် တွင်း ကုမ္ပဏီအနေဖြင့် လက်ရှိအခြေအနေအရပ်ရပ်အရ ယှဉ်ပြိုင် စွမ်းအားရှိစေရေးအတွက် လုပ်သားအင်အားကုန်ကျစရိတ်ကို ပြန်လည်ချိန်ညှိရန်လိုအပ်ခြင်းကြောင့်ဖြစ်ကြောင်း၊ GM ၏ အလုပ်သမားလျှော့ချမှုမှာ ထိုင်းနိုင်ငံ ရှိ အခြားမော်တော် ကားထုတ်လုပ်သူများနှင့် အလားတူပင်ဖြစ်ကြောင်း ၎င်းရင်းမြစ်၏ ပြောကြားချက်အရ သိရှိရသည်။ GM ကုမ္ပဏီအနေဖြင့် ထိုင်းနိုင်ငံသို့ ၂၀၀၀ ပြည့်နှစ် တွင် စတင်ဝင်ရောက်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် တစ်နှစ်လျှင် ကားအစီးရေ ၁၈၀၀၀၀ တပ်ဆင်ထုတ်လုပ်သည့် စက်ရုံနှင့် တစ်နှစ်လျှင် အစီးရေ ၁၂၀၀၀၀ ထုတ်လုပ်သည့် ရထားစက် ခေါင်းစက်ရုံ (powertrain plant) တို့ပါဝင်သော Rayong’s WHA Eastern Seaboard Industrial Estate ကို ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖြင့် ထူထောင် ခဲ့ကြောင်း သိရှိရသည်။

    GM အနေဖြင့် အလုပ်သမားစုစုပေါင်း ၁၉၀၀ ရှိပြီး ၁၂၀၀ မှာ ထုတ်လုပ်ရေးလိုင်း အတွက်ဖြစ်ပါသည်။ မော် တော်ကားများကို Chevrolet နှင့် Holden nameplates များ ဖြင့် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံရှိ GM ပြည်တွင်းစက်ရုံမှာ ယခင်က Chevrolet ခရီးသည်သုံးကား (passerger car) များကို ထုတ်လုပ်ခဲ့ကြောင်း၊ သို့ရာတွင် ၎င်းထုတ်လုပ်မှုမှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် GM အရှေ့တောင်အာရှ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြေညာ ချက် ထွက်ရှိပြီးနောက် ဖျက်သိမ်းခဲ့သည်။ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးစီမံချက်အရ ရယောင်းစက်ရုံရှိ အလုပ်အကိုင် ပေါင်း ၇၄၉ အားလျှော့ချခဲ့ကြောင်း ထိုင်းနိုင်ငံရှိ GM အလုပ်သမား သမ္မဂ၏ ပြောကြားချက်အရ သိရှိရ သည်။

 

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး