Re-export စနစ်ဖြင့် သကြားများ တင်သွင်း/တင်ပို့မှုနှင့်ပတ်သက်၍ သကြားလက်ကျန်မရှိတော့ ကြောင်း ကြေညာ

Re-export စနစ်ဖြင့် သကြားများတင်သွင်း/တင်ပို့မှု နှင့်ပတ်သက်၍ ၃၀-၁၂-၂၀၁၉ ရက်တွင်   ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ (၂၉/၂၀၁၉)ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက် စာပိုဒ်၁၂၄ (ခ)၊ (၅)နှင့် (၆) ဆုံးဖြတ်ချက်အရ Re-export စနစ်ဖြင့် သကြားများ တင်သွင်း/တင်ပို့မှုအား  စာရင်းရှင်းလင်းပြီးဖြစ်ပါသဖြင့် ပြည်တွင်း၌ သကြား လက်ကျန်မရှိ တော့ကြောင်း ကြေညာအပ်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့်  သကြား Re-export စနစ် ဖြင့် ဆောင်ရွက်ခွင့်အား  ပြန်လည်ခွင့်ပြုခဲ့သည့် ၁-၆-၂၀၁၈ ရက်မှ ၁၆-၈-၂၀၁၈ ရက်အတွင်း ကုမ္ပဏီ ၄၀၁ ခုသို့ သွင်းကုန်လိုင်စင်  ၅၆၈ စောင်၊ တန်ချိန် ၉၂၁၀၉၉ ခွင့်ပြု ထုတ်ပေးခဲ့ပြီး ယခုအခါ တင်သွင်းထားသည့်  Re-export သကြားအားလုံးအား စာရင်းရှင်းလင်းပြီးဖြစ်၍ ပြည်တွင်း၌ လက်ကျန်မရှိတော့ပါ။  ထပ်မံ၍လည်း   Re-export သကြားများအား  ခွင့်ပြုထားခြင်းမရှိပါ။

 

သို့ရာတွင် ပြည်တွင်းသကြားစက်များ၏ ထုတ်လုပ်မှုအရည်အသွေးမပြည့်မီခြင်း၊ ကုန်ထုတ် လုပ်မှုစရိတ်မြင့်မားမှု ကြောင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် ပြည်တွင်းရှိ သွင်းကုန် အစားထိုး   ကုန်ထုတ်လုပ်ငန်းများ (အချိုရည်၊ ကော်ဖီမစ်၊ တီးမစ်၊နို့ဆီ)အတွက် Refined Sugar လိုအပ်ချက်အရ ၂၀၁၉ ခုနှစ် မတ်လမှစ၍ ကုမ္ပဏီ ၁၀ ခု၊ လုပ်ငန်း ၁၁ ခုကိုသာ လစဉ် Refined Sugar စုစုပေါင်းပျမ်းမျှ ၁၁၅၇၅တန်ခန့်ကိုသာ စိစစ်၍တင်သွင်းခွင့်ပြုလျက်ရှိသည်။ ထို့ပြင် ပြည်ပမှထုတ်လုပ်သော သကြား များ ပြည်တွင်းသို့  တရားမဝင် မှောင်ခိုဝင်ရောက် နေခြင်းကြောင့် ပြည်တွင်းရှိ သကြားထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် ကြံစိုက်တောင်သူများ၏ အကျိုးစီးပွားများ  ထိခိုက်နစ်နာမှု မရှိစေရေးအတွက် မြဝတီနယ်စပ်မှ တရားမဝင်သကြားများ ဝင် ရောက်နေမှုကိုလည်း ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများသို့ ညှိနှိုင်းအကြောင်းကြား  ဆောင်ရွက်လျက်ရှိပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာန