တရုတ်နိုင်ငံ Zhejiang ပြည်နယ်မှ ထုတ်လုပ်သော နေကြာစေ့များတွင် ကင်ဆာဖြစ်စေတတ်သော ကာဆီနိုဂျင်များ ပါဝင်နေ

တရုတ်နိုင်ငံ Zhejiang ပြည်နယ်မှ ထုတ်လုပ်တဲ့ နေကြာစေ့တွေမှာ အလူ မီနီယံနဲ့ တယ်လ်ကမ်ပေါင်ဒါ ပါဝင်မှုက အန္တရာယ်ရှိတဲ့နှုန်းကို ရောက်ရှိနေတယ်လို့ တရုတ်သတင်းစာတွေမှာ ဖော်ပြထားတယ်။ ဒါကြောင့် ဗီယက်နမ်စားနပ်ရိက္ခာ အသင်းက တရုတ်နိုင်ငံမှ ဗီယက်နမ်သို့ တင်သွင်းလာတဲ့နေကြာစေ့တွေမှာ ကင်ဆာဖြစ်စေတတ်တဲ့ ကာဆီနိုဂျင်များ ပါမပါကို စစ်ဆေးသွားမယ်လို့ သိရတယ်။ ဒါပေမဲ့ ဗီယက်နမ်မှာ ထုပ်ပိုးရောင်းချလျက်ရှိတဲ့ နေကြာစေ့ထုပ်တွေမှာ ပင်ရင်းဒေသထွက်  အမှတ်တံဆိပ်မပါဘဲ ရောင်းချလျက်ရှိကြောင်း သိရတယ်။ အလူမီနီယံက နေကြာစေ့ကို ကြွပ်ဆတ်စေပြီး အမွှေးနံ့ကို ကြာရှည်စွာ ထိမ်းထားနိုင်ကြောင်း၊ အလွန်အကျွံ စားသုံးမိပါက အာရုံကြောစနစ်ကို အန္တရာယ် ဖြစ်စေကြောင်း၊ မှတ်Óဏ်ကို ကျဆင်း စေပြီး ဦးနှောက်ကို သေးငယ်သွားစေ နိုင်ကြောင်း တရုတ်သတင်းများမှာ ဖော် ပြထားပါတယ်။  Talcum Powder (တယ်လ်ကမ်ပေါင်ဒါ) က နေကြာစေ့ကို အမြင်အနေနဲ့လှစေပြီး ကာဆီနိုဂျင် ပါဝင်တယ်လို့ သိရတယ်။ တရုတ်နိုင်ငံရှိ စားနပ်ရိက္ခာလုံခြုံစိတ်ချရမှုနဲ့ အရည်အသွေး စစ်ဆေးရေး အေဂျင်စီက အဆိုပါသတင်းကို တရားဝင်ထုတ်ပြန်ကြေညာခြင်း  မရှိသေးကြောင်း သိရတယ်။
Source:vietnamnet.vn
ပပ