အဆွဲသွက်ပေမယ့် ပဲထွက်နည်း

မတ်လ ပထမပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ပဲစင်းငုံအသစ်တွေ နယ်ပစ္စည်း အဝင်မရှိသလောက် နည်းခဲ့လို့ ဈေး ဆက်မာနေပါတယ်။ ယခု တစ်ပတ်အတွင်း တစ်တင်း ၁၉၈၀၀ ကျပ် - ၂၀၁၀၀ ကျပ်ဈေးများနဲ့ မြို့ပေါ် ကုန်သည် အချင်းချင်း ဈေးကြိုက်ရင် ဝယ်ကြရောင်းကြမှုသာရှိခဲ့သလိုရန်ကုန် လက်ပုံမှန်အဝယ်နဲ့ တစ်ရက်အိတ် ၁၅၀၀ - ၂၀၀၀ ခန့် အရောင်းအဝယ် ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ကုလားပဲအုပ်စုဈေးကွက်မှာ ဈေးငြိမ်နေပြီး၊ နယ်ဘက်ကပစ္စည်းအဝင် ရှိသလောက် ဒိုင်မှာ အရောင်းအဝယ် ဖြစ်ခဲ့တာတွေ့ရပါတယ်။ ပဲတစ်မျိုး ချင်းဈေးကွက်အနေနဲ့ 929 ကုလားပဲမှာ ချောင်းဦးနယ်မှ အဝင်များလာပြီး၊ တစ် တင်း ၁၆၅၀၀ ကျပ်မှ ၁၇၁၀၀ ကျပ် အတွင်းပေါက်ဈေးဖြစ်ခဲ့ကာ တစ်ရက် ကို အိတ် ၁၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ V2  ကတော့ နယ်စုံက ပစ္စည်းအဝင်ရှိခဲ့ပြီး၊ တစ်တင်း ၁၆၅၀၀ ကျပ်မှ ၁၇၁၀၀ ကျပ်အတွင်း ပေါက် ဈေး ဖြစ်ခဲ့ကာ တစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်အနေနဲ့ ပစ္စည်းရှားနေပြီး ဒီတစ်ပတ်မှာတစ်တင်း ၁၆၇၀၀ကျပ်မှ၁၇၂၀၀ ကျပ်ဈေးပေါက်ခဲ့ပြီး၊ တစ်ရက် အိတ် ၅၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ် ကုလားပဲမျိုးစုံ ဈေးကွက်ရဲ့ အဓိက ဝယ်လက်မှာ ဒေသခံ ကုန်သည်လှောင်လက်နဲ့ ဒေသမှာ ပဲခွဲစက်အမှုန့်ကြိတ်စက် ကြာဇံစက်နဲ့ ပဲလက်လီသမားတွေသာဖြစ်ပြီး၊ မန္တလေး နဲ့ ရန်ကုန်ဝယ်လက် မဆင်းသေးဘူးလို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။
ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်လည်း ပစ္စည်းအဝင်မရှိသလောက် နည်းလို့ အရောင်းအဝယ်ပါးခဲ့ကာ ဈေး ကွက်ပျောက်သလောက်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ အထူး သဖြင့် စိမ်းသေးမှာ ဝယ်လိုအားရှိ ပြီး၊ တစ်တင်း၂၀၁၀၀ကျပ်ဈေးပေါက်သော် လည်း ဝယ်လက်တွေ ဝယ်မရဖြစ်ကာ စိမ်းကြီးကတော့ တစ်တင်း ၂၀၅၀၀ ကျပ်ဈေးပေါက်ကာ တစ်နေ့ အိတ် ၁၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မြေထောက်ပဲဈေးကွက်အနေနဲ့ တမူး၊ ကလေး၊ ဟုမ္မလင်း၊ ဖောင်းပြင် နယ်တွေက ပစ္စည်းဝင်ရောက်မှု ရှိပေ မယ့် ယခုနှစ်ပဲအထွက်လျော့လို့ တစ် ရက်အိတ် ၅၀၀ - ၁၀၀၀ ခန့်သာ မုံရွာ ကုန်စည်ဒိုင်ကို ဝင်ရောက်လျက်ရှိ ပြီး၊ ဝင်သလောက် ရန်ကုန်လက်က ဆွဲခဲ့ တယ်လို့ဆိုပါတယ်။ ဒီတစ်ပတ်မှာ မြေ ထောက်ပဲ တစ်တင်း ၂၆၀၀၀ ကျပ်မှ ၂၆၅၀၀ ကျပ်အတွင်း ဈေးငြိမ်ခဲ့ပြီး၊ တစ်ရက်အိတ် ၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ယခုနှစ် ဆောင်းသီးနှံပေါ်ချိန်ဟာ ယခင်နှစ်တွေကလောက် ပစ္စည်းအဝင် နထစသမအ အဆွဲ အားနည်းနေခဲ့ပြီး၊ ပဲ အများစု ဈေးအေးနေသော်လည်း မုံရွာ ကုန်စည်ဒိုင်နေ့စဉ် ပဲဈေးကွက်မှာတော့ ပစ္စည်းဝင်သလောက်ဝယ်အားကောင်း လျက် ရှိတယ်လို့ လေ့လာသိရှိရပါတယ်။
ထွန်းလှိုင် - မုံရွာ