အင်ဒိုနီးရှား ပြည်တွင်းကြက်သွန်ဖြူဈေးနှုန်းများ မြင့်မားနေ၍ ပြည်ပမှ များစွာတင်သွင်းနေရ

အင်ဒိုနီးရှားမှာ မိုးများပြီး ရာသီဥတုဆိုးဝါးခဲ့မှုကြောင့် ကြက်သွန်ဖြူထွက်နှုန်း ကျဆင်းခဲ့ ရာလောလောဆယ် ပြည်တွင်းဈေးကွက်တွေမှာ ကြက်သွန်ဖြူ လက်လီဈေးနှုန်းများ မြင့်မားနေတယ်လို့ သိရတယ်။
မတ်လ ၁၃ ရက်နေ့က ကြက်သွန်ဖြူတစ်ကီလိုကို အင်ဒိုနီးရှားရူပီးယား ၇၀၀၀၀(ကန်ဒေါ်လာ ၇ ဒေါ်လာ) အထိ ရောက်ရှိ လာတယ်လို့ သိရတယ်။ ကြက်သွန်ဖြူအပြင် ကြက်သွန်နီနဲ့ ငရုတ်သီးများလည်း ဈေးမြင့်လာတယ်လို့ သိရတယ်။ လက်ရှိပြည်တွင်းဈေးများမှာ ရောင်းချနေတဲ့ ကြက်သွန်ဖြူအများစုမှာ တရုတ် ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံမှ တင်သွင်းထားတဲ့ ကုန်ပစ္စည်းများဖြစ်တယ်လို့ သိရတယ်။ ကြက်သွန်ဖြူဈေးနှုန်းကျဆင်းရေးအတွက် တရုတ်နဲ့ အိန္ဒိယမှ ကြက်သွန်ဖြူ ၂၉၁၃၆ တန် တင်သွင်းသွားမယ်လို့ မတ်လ ၇ ရက်နေ့က ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးက ပြောကြားခဲ့တယ်။ ဒါပေမယ့်လည်း လာမယ့် တစ်လ၊ နှစ်လအတွင်း ကြက်သွန်ဖြူအသစ်များ ထွက်ရှိတော့မှာဖြစ်ရာ ဈေးနှုန်းပြန်လည်ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားတယ်။
ပပ