တစ်ဦးချင်း မှတ်ပုံတင် (ITC) ကတ်ဖြင့် ကုန်သွယ်မှုတန်ဖိုး တိုးမြှင့်ဆောင်ရွက်ခွင့်ပြု

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် တောင်သူများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်း ဆောင်ရွက်လိုသည့် ကုန်သည်လုပ်ငန်းရှင်ငယ်လေး များ အား တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် လူတစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်ကတ် ITC (Individual Trading Card) ကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုပေးလျှက်ရှိပါသည်။ ၂၀၁၆ ခုနှစ်၊ မေလ (၁၁)ရက်ေ န့  မှ စတင်ပြီး ITC ကတ်ကိုင်ဆောင်သူတစ်ဦး ပို့ကုန်/သွင်းကုန်လုပ်ငန်းဆောင်ရွက်ပါက ကုန်သွယ်မှုတန်ဖိုး တစ်ရက်လျှင် ကျပ်သိန်း(၃၀)နှုန်းဖြင့် (၅)ရက်စာ တစ်ကြိမ်တည်း ကျပ်သိန်း(၁၅၀ဇ)ထိ တိုးမြှင့်ပြီး ပို့ကုန်သွင်း ကုန် လိုင်စင် ထုတ်ပေးခြင်းနှင့် အကောက်ခွန်ဦးစီးဌာနတွင် ပို့ကုန်ကြေညာလွှာ (သို့မဟုတ်) သွင်းကုန်ကြေညာလွှာ ဆောင်ရွက်ပြီး ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုပေးလျှက်ရှိပါသည်။ ကုန်သွယ်ရေးဦးစီး ဌာန သည် မူဆယ်နယ်စပ်ဒေသတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ဆောင်ရွက်လိုသည့်တစ်ဦးချင်းကုန်သွယ်မှူ လုပ်ငန်းရှင်းကတ်ပြားဆောင်ရွက်ခွင့်အား ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း နေထိုင်သူများ၊ စစ်ကိုင်း တိုင်းဒေသ ကြီး တွင် နေထိုင်သူများ နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းနေထိုင်သူများအတွက် လုပ်ကိုင်ခွင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တစ်ဦးချင်းကုန်သွယ်မှူ ကတ်များကို မူဆယ် (၁၀၅)မိုင်၊ကုန်သွယ်ရေးဇုန်နှင့်် မန္တလေး ပို့ကုန်/ သွင်းကုန် ရုံး တို့တွင် ဆောင်ရွက်ပေးလျှက်ရှိပါသည်။အထက်ဖော်ပြပါ ကုန်သွယ်လုပ်ငန်းရှင်ကတ်ပြားပြုလုပ်ရန် လုပ်ကိုင်လိုသည့်လုပ်ငန်းရှင်တို့သည် မှတ်ပုံတင်ကတ်ပြား(မူရင်း/မိတ္တူ)၊ ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၃)ပုံ၊ အထက်ဖော်ပြ ပါ ဒေ သ များအတွင်းရှိမြို့နယ်များ၌ ရက်ကွက်/ကျေးရွာအုပ်စုတွင် နေထိုင်ကြောင်း၊ ရက်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်၊ သက်ဆိုင်ရာရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း နှင့် အကျင့်စာရိတ္တကောင်း မွန်ကြောင်း ထောက်ခံ ချက်မူ ရင်း ပါရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးရှိ ကုန်သယ်ကြီးများအသင်း (သို့မဟုတ်) မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သယ်ကြီးများ၏ အသင်းဝင်ဖြစ်ကြောင်း အသိအမှတ်ပြုထားသည့် ကတ်ပြားမူ ရင်း နှင့်အတူ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် (သို့မဟုတ်) မန္တလေးမြို့ရှိ ပို့ကုန်/သွင်းကုန်ရုံးတို့တွင် (ITC) ကတ်ပြား လာရောက်လျှောက်ထားမှုများကို ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည် ITC ကတ်ပြားတစ်ခုအတွက် နိုင် ငံတော်သို့ (၁)နှစ်လျှင်မှတ်ပုံတင်ကြေး (၅၀၀၀၀)ကျပ် ပေးသွင်းရမည်ဖြစ်ပြီး သက်တမ်းကုန်ကတ်ပြား အဟောင်းများအတွက် မှတ်ပုံတင် သက်တမ်းတိုးမြှင့်ကြေးအား (၁)နှစ် (၅၀၀၀၀)ကျပ် ပေးသွင်းရမည်ဖြစ်ပါသည်၊ သက်တမ်း ကုန်ပြီး သက်တမ်းကျော်လွန်နေသည့် လုပ်ငန်းရှင်ကတ်ပြားများအတွက် သက်တမ်းတိုး လျှောက်ထားလာပါက ပေးသွင်းရမည့်ဒဏ်ကြေးကို ကင်းလွှတ်ခွင့်ပြုထားပြီး ဖြစ်ပါသည်။ITC ကတ်ဖြင့် တင်ပို့/ တင်သွင်း ခွင့်ပြုသ ည့်နည်း လမ်း များ မှာ မြန်မာကျပ်ငွေကို အခြေခံ ဆောက်ရွက်သော နယ်စပ်ကုန်သွယ်မှုနည်းလမ်းဖြင့် တင်ပို့/တင်သွင်းနိုင်ပြီး ဆောင်ရွက် ခွင့်ပြုထားသည့် ကုန်ပစ္စည်းအမယ်များမှာ ပို့ကုန်ပိုင်းတွင် ကုန်ပစ္စည်း (၁၆၁) မျိုးနှင့် သွင်ကုန် ပိုင်းတွင် ကုန်ပစ္စည်း (၂၄၁)မျိုးကို ခွင့်ပြုထားပြီးဖြစ်ပါသည်။တင်ပို့ခွင့်ပြုသည့် ပို့ကုန်ပစ္စည်းများ၏ အုပ်စုအလိုက် ခွင့်ပြုထားသည့်ကုန်ပစ္စည်း အမယ်စာရင်းမှာ တစ်ဖက်တွင်ဖော်ပြထားသည့် လယ်ယာထွက်ကုန် ပစ္စည်း(၈၀)မျိုး၊ သစ်တော ထွက် ပစ္စည်း (၂၉)မျိုး၊ ရေထွက်ပစ္စည်း (၁၂)မျိုး၊ တိရစ္ဆာန်ထွက်ပစ္စည်း(၂)မျိုး၊ စက်မှုကုန်ချောပစ္စည်း (၁၁)မျိုးနှင့် အခြားပစ္စည်း (၂၇)မျိုးတို့ဖြစ်ပါသည်။ထို့အတူ တင်သွင်းခွင့်ပြုထားသည့် သွင်းကုန် ပစ္စည်းအုပ်စုအမယ်စာရင်းမှာ တစ် ဖက် တွင် ဖော်ပြထားသသည့် ရင်းနှီးမြှပ်နှံမှုကုန်ပစ္စည်း(၈၉)မျိူး၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်း(၅၇)မျိုး၊ လူသုံးကုန်ပစ္စည်း (၉၅)မျိုးတို့ ဖြစ်ပါသည်။ကုန်သွယ်မှုလုပ်ငန်းကတ်ပြားဖြင့် ပို့ကုန်။/ သွင်းကုန် လုပ်ငန်း ဆောင်ရွက် ခွင့်သည် အထက်ဖော်ပြပါ ကုန်ပစ္စည်းများကို တင်ပို့/တင်သွင်းခွင့် ပြုထားသဖြင့် စိုက်ပျိုးသူတောင်သူ များသည် မိမိတို့စိုက်ပျိုးထုတ်လုပ်ထားသည့် ရာသီထွက်ကုန်သီးနှံများ၊ ဒေသထွက် ကုန်သီးနှံ များကို နယ်စပ်ကုန်သွယ်မှုနည်း လမ်းဖြင့် တစ်ပိုင်တစ်နိုင် တစ်ဖက်နိုင်ငံသို့ လွယ်ကူစွာ တင်ပို့ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ သွင်းကုန်ပိုင်းတွင်လည်း ကုမ္ပဏီ မတည်ထောင်နိုင် သေးသည့် တစ်ပိုင် တစ်နိုင် ကုန်သည် လုပ်ငန်း ရှင်များ၊ (SME)အသေးစားစက် မှု လုပ်ငန်းရှင်များ၊ အိမ်တွင်းမှုလုပ်ငန်းငယ်များ၊ အိမ်ဆိုင်ဆောင်ရွက်သူနှင့် ပြည်ပကုန်သွယ်မှု ဆောင်ရွက်လို ပြည်သူများ တစ်ဦးချင်းသော်လည်းကောင်း၊ မိတ်ဆွေချင်း ပူပေါင်းဆောင်ရွက် ပြီး သော် လည်းကောင်း၊ တစ်ဖက်နို င်ငံ မှ သွင်းကုန်ပစ္စည်းများကို ကိုယ်တိုင်လွယ်ကူစွာ တင်သွင်း နိုင်ပြီး ကုန်သွယ်မှုလုပ်ငန်းကို လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်စေရန်နှင့် ပိုမိုအကျိုးဖြစ်ထွန်း စေနိုင်မည့် ကုန်သွယ်မှု အခွင့်အရေးများကို ခွင့်ပြုပေး ထားခြင်းဖြစ် ပါ သည်။ထိုသို့ ICT ကတ်ဖြင့် မူဆယ် (၁၀၅)ကုန်သွယ်ရေးဇုန်၌ ကုန်သွယ်မှုဆောင်ရွက်ရာတွင် နိုင်ငံတော်သို့ပေးသွင်းရသည့် အခွန်အခများမှာ ပို့ကုန်ပိုင်းတွင် တင်ပို့သည့် ပစ္စည်းတန်ဖိုး၏ ၂% ကြိုတင်ဝင်ငွေ ခွန်ကို ပြည်တွင်း အခွန်းများဦးစီးဌာနသို့ ပေးသွင်းရပြီး အလားတူ သွင်းကုန်အပိုင်းအတွက် ပေးဆောင်ရမည့် အခွန်အခများမှာ သက်မှတ်ထားသည့် သွင်းကုန် လိုင်စင်ကြေးနှုန်းထားများအရ ကုန်သွယ်ရေးဦးစီးဌာနသို့လည်းကောင်း၊ သွင်း ကုန် ကြေ ညာ လွှာအတွက် အကောက်ခွန် Duty(CD) နှင့် ကုန်သွယ်လုပ်ငန်းခွင် (CT) တို့အတွက် ကျသင့်ငွေများအား အကောင်ခွန်ဦးစီးဌာနသို့လည်းကောင်း၊ သွင်းကုန်ဝင်ငွေခွန် ၂% ကို ပြည်တွင်း အခွန်များ ဦးစီး ဌာန သို့ လည်းကောင်း၊ သွင်းကုန်တန်ဖိုး (AV)၏ ဝ.၁၂၅% ကို ဘဏ်ဆောင်ရွက်ခအဖြစ် မြန်မာ့စီးပွားရေးဘဏ်သို့လည်းကောင်း ပေးသွင်းရပြီး အခြားသိရှိလိုသည်များရှိပါက မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်ရေး ဦးစီး ဌာ န e-mail – [email protected] နှင့် ဖုန်းနံပါတ် ၀၈၂-၅၅၅၁၀၊ ၀၈၂-၅၅၀၀၃၊ ၀၈၂-၅၅၁၀၃ သို့လည်းကောင်း၊ အကောင်ခွန်ဦးစီးဌာန e-mail – [email protected][email protected] နှင့် ဖုန်း နံပါတ် ၀၈၂-၅၅၁၁၂ သို့လည်းကောင်း၊ ပြည်တွင်းအခွန်များဦးစီၤးဌာန ဖုန်းနံပါတ် ၀၈၂-၅၅၅၀၈ သို့လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ် ဖုန်းနံပါတ် ၀၈၂-၅၅၅၀၇၊ ၀၈၂-၅၅၀၁၄ သို့လည်းကောင်း၊ အသေးစိတ်ေ မးမြန်းနို င် ပါကြောင်း အသိပေးကြေညာအပ်ပါသည်။သို့ဖြစ်ပါ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်သည် ဒေသတိုင်းရင်းသားများနှင့် ပြည်သူများအတွက် ပြည်ပသို့ ပို့ကုန်/သွင်းကုန် ကုန်သွယ်မှုလုပ်ငန်းများကို လွယ်ကူ စွာဆောင် ရွက် နိုင်ရေး ခွင့်ပြုပေးလျှက်ရှိသည့် လုက်ကိုင်ခွင့် အခွင့်အရေးများကို သိရှိစေရန်နှင့် နယ်စပ်ဒေသများရှိ ကုန်သွယ်ရေးစခန်းရှိရာ ဒေသများတွင် ပြည်ပပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ ဆောင်ရွက်လိုသူ ပြည်သူတစ်ဦးချင်းသည် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၌ ခွင့်ပြုထားသည့် ITC ကတ်ဖြင့် ဆောင်ရွက်ခွင့်ပြုသည့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခွင့်ပြုလျှက်ရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ ဆောင်ရွက်ခွင့်ပြုမှု အခြေအနေသတင်းကောင်းအား ပြည်သူများသိရှိစေရန် တင်ပြလိုက် ရပါသည်။

 

 

 

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်