စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့နန်းတော်အရက်နဲ့ အဆင့်မြင့်ဝီစကီများ တင်ပို့

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ဒုတိယပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၀၁ သန်း တန်ဖိုးရှိ နန်းတော် အရက် ၁၀၀၀ လီတာနဲ့ အဆင့်မြင့်ဝီစကီ ၅၀၀ လီတာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်က တင်ပို့ခဲ့ခြင်းမရှိဘဲ ယခုတစ်ပတ်မှသာ ပြန်လည် တင်ပို့တာ တွေ့ရပါတယ်။သြဂုတ်လအတွင်းက နန်းတော် အရက် လီတာ ၂၀၀၀ နဲ့ အဆင့်မြင့် ဝီစကီ လီတာ ၁၀၀၀ ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့နိုင်ခဲ့တယ်လို့ ကုန်သွယ်ရေး စခန်းမှ သိရပါတယ်။                                        

    ခင်မိုးသူ