ရှမ်းနနွင်းကိုမူဆယ်ဝယ်လက်ကသာဝယ်ယူ

ရှမ်းနနွင်းကတော့ ဈေးကွက်ကို အသစ်မဝင်လာသေးပါဘူး။ဟိုပုံးနနွင်း ရော၊ အောင်ပန်းနနွင်းပါ  ဖေဖော်ဝါရီ လမှာ အသစ်တွေဝင်လာနိုင်တယ်လို့သိရပါတယ်၊   ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ဟိုပုံးနနွင်းတွေကို  တရုတ်နိုင်ငံပို့ဖို့ အတွက် မူဆယ်ဝယ်လက်တွေကဝယ်ယူမှုရှိနေပြီး၊  ပိဿာချိန်ပေါင်းတစ်သိန်း ကျော်ခန့် ဝယ်ယူသွားတယ်လို့ သိရပါ တယ်။အဟောင်းလက်ကျန်တွေလည်းနည်းသွားပါပြီ။ ဒီနှစ်မှာ နနွင်းက ချင်း လိုပဲ ခပ်မှန်မှန်သာ အရောင်း အဝယ်ဖြစ် နေပါတယ်။တစ်နှစ်ပတ်လုံးဝယ်လက် တွေရှိနေပေမယ့် ပြည်ပဝယ်လက်တွေ ကတော့ ဝယ်လိုက်/နားလိုက်ကြောင့် ပုံမှန်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်နနွင်းကိုတော့ အစို အတိုင်းဝယ်ယူ မှုများပြီး  ဒါးလှီးခြောက် အဖြစ်သာပြုလုပ်ဖို့  များတယ်လို့ဆိုပါ တယ်၊ ယူအေအီးနိုင်ငံက ဒါးလှီးခြောက် တွေကို ပိုပြီးအကြိုက်များတယ်လို့ သိရပါတယ်၊ နနွင်းခြောက်တွေကတော့ အစိုတွေကို အခြောက်    လှန်း၊ ပြီးမှပြုတ်၊ နေ ပူပြန် လှန်းရတာကြောင့် အထားခံ ပေမယ့် အာနိသင်က နည်းသွားလို့   ဝယ်လက်တွေက သိပ်ပြီး မကြိုက်ဘူး လို့ သိရပါတယ်။ ဒါကြောင့် ဒီနှစ်မှာ   နနွင်းအစို(ထိပ်စ)တွေကို ဒါးလှီး အဖြစ် ပြုလုပ်ပြီး ရောင်းဝယ်မှု ပြုလုပ်မယ်လို့ လည်း ဈေးကွက်ကသိရှိရပါတယ်။ဒီတစ်ပတ် အောင်ပန်းဈေးကွက် မှာ  နနွင်းတစ်ပိဿာပေါက်ဈေးက ကျပ် ၁၅၀၀မှ ၂၅၀၀ ဈေးရှိပြီး  ဟိုပုံး နနွင်းက တစ်ပိသာကျပ်၁၆၅၀ဈေးရှိ ပါတယ်။    

စောယုထွေး(တောင်ကြီး)