ရေကြောင်းမှ ရာဘာပိုမိုတင်ပို့

       အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-တရုတ်နဲ့ မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ် ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄၆ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၉၂၉ တန် တင်ပို့ခဲ့ေ ကြာင်း သိရပါ တယ်။ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့မှုများမှာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မRSS-3  အမျိုးအစား ၄၃၉ တန်၊RSS-5  အမျိုးအစား ၉၃ တန်၊MSR-20  အမျိုးအစား ၄၈ တန်၊ လွယ် ဂျယ်ကုန်သွယ်ရေး စခန်း မှCrepe Rubber  ၉ တန် တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်မှ တင်ပို့မှုများမှာ တာချီလိတ် ကုန်သွယ် ရေးစခန်းမှLatex 60ရာခိုင်နှုန်းDRC  တန်ချိန် ၁၉၀၊ မြိတ် ကုန်သွယ်ရေးစခန်းမှ     MSR-20  အမျိုးအစားတန်ချိန် ၁၅၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုတစ်ပတ်မှာ မြန်မာ-တရုတ် နယ်စပ်မှ ရော်ဘာတင်ပို့မှု လျော့ကျခဲ့သော်လည်း ယခင်တစ် ပတ်က တင်ပို့မှုမရှိတဲ့ မြန်မာ-ထိုင်းနယ်စပ်မှ ယခုတစ်ပတ်မှာ အပို့ရှိတာ တွေ့ရပါတယ်။ ယခုတစ်ပတ်ရော်ဘာတင်ပို့မှုမှာ ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ၁၆၅၂ တန် လျော့ကျခဲ့ကြောင်း သိရပါတယ်။  
    ယခုတစ်ပတ် မူဆယ် ကုန်စည်ဒိုင်ရဲ့ ရော်ဘာပေါက် ဈေးမှာRSS-3  တစ်တန်လျှင် ကျပ် ၁၇ ဒသမ ၅၆၂ သိန်းရှိပြီး ယခင်တစ်ပတ်ဈေးထက် တစ်တန်လျှင် ၇၅၈၆၂ ကျပ် ဈေး တက်ကြောင်း သိရပါတယ်။အောက်တိုဘာ ၇ ရက် မှ ၁၃ ရက်အထိ သီတင်းပတ် အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ သုညဒသမ ၉၈၆ သန်းတန်ဖိုးရှိ ရော်ဘာ ၇၈၃ တန်ခန့် တင်ပို့ခဲ့ရာ ပါကစ္စတန်နိုင်ငံသိုRSS-1  အမျိုးအစား တန်ချိန် ၄၀၊ တန်၊ ဂျပန်နိုင်ငံသို့MSR-20  အမျိုးအစား ၃၉၂ တန်၊    တရုတ်နိုင်ငံသိုMSR-20  အမျိုးအစား ၁၀၁ တန်နဲ့ ကိုရီးယားနိုင်ငံသို့TSR-20 အမျိုးအစား ၂၄၉ တန်ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၂၆၇ တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။
  ယခုတစ်ပတ်မှာလည်း နိုင်ငံတကာ ရော်ဘာဈေးအတက် အကျ အနည်းငယ်သာရှိတဲ့အတွက် ပြည်ပတင်ပို့မယ့် မြန်မာ့ ရော်ဘာဈေးကိုလည်း ယခင်တစ်ပတ်ဈေးအတိုင်း မပြောင်းလဲ ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း ရဲ့ ဈေးနှုန်းထုတ်ပြန်ချက်အရ သိရပါတယ်။  

 

ယဉ်ယဉ်အေး