မြင်းခြံခရိုင် စပါးစိုက်ပျိုးမှုနှင့် ဈေးနှုန်း

စပါးသီးနှံကို ရှေးယခင်က မိုးရာသီမှာသာအဓိထားပြီး အများဆုံးစိုက်ပျိုးကြသော်လည်း ယခုနောက်ပိုင်း ၁၉၉၂-၁၉၉၃ ခုနှစ်လောက်မှစ၍ နွေရာသီမှာပါ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြသည်။ စပါးကို နွေ၊ မိုး နှစ်ရာသီစိုက်ပျိုးနိုင် သည့်အတွက် တောင်သူများဝင်ငွေတိုးကာ ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်သည်။ မိုးစပါးကို ယေဘုယျအားဖြင့် မေလမှစက်တင်ဘာလကုန်ထိ စိုက်ပျိုးကြ သည်။ စပါးပင်အတွက် နေရောင်ခြည်စွမ်းအင် အဓိကရရှိမှ သာ အပင်အတွက် အစာချက်လုပ်နိုင်မည်ဖြစ်သည်။ သို့မှ သာ ကြီးထွားဖွံ့ဖြိုး၍ စပါးအထွက်တိုးနိုင်မည်ဖြစ်သည်။စပါး ပင် အနှံထွက်ပန်းပွင့်ပြီးနောက် ရက် ၃၀ မှ ၄၀ အတွင်း ရိတ် သိမ်းနိုင်ပါက ဆန်အကျိုးအကြေနည်းပြီး ဆန်အရည်အသွေး ကောင်းစေသည်။    
မြင်းခြံခရိုင်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ဧက မှာ ၂၃၀၉၃ ဧကရှိပြီး အားလုံးရိတ်သိမ်းပြီးဖြစ်သည်။တစ် ဧက ပျမ်းမျှအထွက်နှုန်းမှာ ၇၀ ဒသမ ၃၈ တင်းနှုန်းဖြင့် တင်း ပေါင်း ၁၆၃၉၁၃၄ တင်း ထွက်ရှိခဲ့သည်။ မြို့နယ်အလိုက် စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် ၃၅၉၅ ဧက၊ တောင်သာ မြို့နယ်တွင် ၄၁၇၆ ဧက၊ နွားထိုးကြီးမြို့နယ်တွင် ၉၈၁၇ ဧက၊ ငါန်းဇွန်မြို့နယ်တွင် ၅၅၀၅ ဧကတို့ဖြစ်သည်။ မြင်းခြံခရိုင်တွင် စပါးစိုက်ပျိုးမှုအနေဖြင့် မနောသုခစပါးကို အများဆုံးစိုက်ပျိုး ကြပြီး လက်ရှိ  မနောသုခစပါးအသစ်တစ်တင်း ပေါက်ဈေး အနေဖြင့် ကျပ် ၇၀ဝ၀ ဝန်းကျင်ရှိပြီး အဟောင်း တစ်တင်း လျှင် ကျပ် ၁၀ဝ၀ဝ ဝန်းကျင်ရှိကြောင်း သိရသည်။  ဆန်ဈေးအနေ ဖြင့် မနောသုခ(အသစ်)တစ်အိတ်လျှင် ကျပ် ၂၇၀ဝ၀ ဝန်း ကျင်၊ မနောသုခ(အဟောင်း)တစ်အိတ်လျှင် ကျပ် ၃၈၀ဝ၀   တို့ဖြင့်    အရောင်းအဝယ်   ဖြစ်ပေါ်လျက်ရှိကြောင်း သိရ သည်။                                                  

     ဖြိုးအိမွန် (မြင်းခြံ)