မြန်မာ-တရုတ်နယ်စပ်မှ ဆန်တန်ချိန် ၂၅၀၀ ကျော်ပိုမိုတင်ပို့

   မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများက ဒီဇင်ဘာ ၂၀ ရက်မှ ၂၆ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁၂ ဒသမ ၅၂၇ သန်းတန်ဖိုးရှိ ဆန် ၃၃၈၄၆ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်သီတင်းပတ် က ၃၁၃၀၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုသီတင်းပတ်မှာ တန်ချိန် ၂၅၄၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုများမှာ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်မှ ငစိန်ဆန် ၁၈၀၀၀ တန်နဲ့ ဧည့်မထဆန် ၁၂၈၁၆ တန်၊ လွယ်ဂျယ်စခန်းမှ ဧည့်မထဆန် တန် ၂၅၀၀နဲ့ ချင်းရွှေဟော် စခန်းမှ တန် ၅၃၀ ဖြစ်ပါတယ်။

   မူဆယ်နဲ့ လွယ်ဂျယ်စခန်းများမှ ဆန်အပြင်ဆန်ကွဲကိုလည်းတင်ပို့နိုင်ခဲ့သေးပါတယ်။ မူဆယ် (၁၀၅) မိုင်မှ ကန် ဒေါ်လာ ၂ ဒသမ ၅၃၈ သန်း တန်ဖိုးရှိ ဆန်ကွဲ ၇၈၀၇ တန်ကို တင်ပို့နိုင်ခဲ့ပြီး ယခင်သီတင်းပတ်ထက် ၄၂၄ တန် ပိုမိုတင်ပို့ခဲ့သလို လွယ်ဂျယ်စခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၂၈၈ သန်း တန်ဖိုးရှိ ဆန်ကွဲ တန် ၉၀၀ ကို တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ်ထက် တန် ၈၆၀ ပိုမိုတင်ပို့နိုင်ပါတယ်။

ယဉ်ယဉ်အေး MIRT (DCCA)