မူဆယ်မှ ဆီးသီး၊ သခွား စုံလင်စွာတင်ပို့

  မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံ များသို့ အများဆုံးတင်ပို့တဲ့ သစ်သီးဝလံများမှာ ဖရဲ၊ သခွား၊ သရက်နဲ့ အခြား သစ်သီးဝလံများဖြစ်ပြီး မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှတစ်ဆင့် ဒီဇင်ဘာလ ၂၀ ရက် မှ ၂၆ ရက်အတွင်း ကန်ဒေါ်လာ ၃၉၀၃၁ တန်ဖိုးရှိ ဆီးသီး ၂၈၆ တန်ခွဲ၊ ကန် ဒေါ်လာ ၃ ဒသမ ၉၈၁ သန်း တန်ဖိုးရှိ ဖရဲသီး ၃၁၃၅၀ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၉၈၃ သန်းတန်ဖိုးရှိ သခွားမွှေး ၄၈၂၀ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမှ ကန် ဒေါ်လာ သုည ဒသမ ၀၀၆ သန်းတန်ဖိုးရှိ ဖရဲသီး ၄၆ တန်ကိုလည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က မူဆယ်မှ ဆီးသီးတင်ပို့မှုမရှိခဲ့ဘဲ ဖရဲသီးနဲ့ သခွားမွှေးသာတင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်သို့ နေ့စဉ် ဖရဲကားအစီး ၂၅၀-၃၀၀ ခန့်၊ သခွားမွှေးကား အစီး ၇၀-၁၀၀ ခန့်၊ ဆီးသီးကား ၃-၁၅ စီးကြား နေ့စဉ်ပုံမှန်အဝင်ရှိတယ်လို့သိရပါတယ်။

မော်မော်အောင် MIRT (DCCA)