ထိုင်းနယ်စပ်ကတင်ပို့တဲ့ လက်ဖက်ခြောက်

   မြန်မာ့လက်ဖက်ကို ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့အနီးဝန်းကျင်နဲ့ တာချီလိတ်မြို့ရဲ့ တောင်ကြော/တောင်တန်းများပေါ်မှာစိုက်ပျိုးကြပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို တင်ပို့ရောင်းချကြရာ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်တာသီတင်းပတ်မှာ ကန်ဒေါ်လာ ၂၂၃၃၀ တန်ဖိုးရှိ လက်ဖက်ခြောက် ၆၇ တန်ခွဲကိုတင်ပို့ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်က တန် ၃၀ ခွဲတင်ပို့ခဲ့ပြီး ဒီဇင်ဘာ လမှာ ၁၅ တန်ကျော်တင်ပို့ခဲ့ပါတယ်။

မော်မော်အောင် MIRT (DCCA)