ကော့သောင်းနယ်စပ်မှ ရေဘဝဲ ၄ တန်ကျော်တင်ပို့

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ လ ၁၆ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ ရေဘဝဲ ၄ တန်ကျော်တင်ပို့နိုင်ခဲ့ ပါတယ်။ ယခုတစ်ပတ်အတွင်း ရေဘဝဲအပြင် ကန်ဒေါ်လာ သုည ဒသမ ၆၃၄ သန်း တန်ဖိုးရှိ ငါးမျိုးစုံ  ၆၇၉ တန်ကျော်၊ ပုစွန် ၅ တန်ကျော်နဲ့ ပင်လယ်ငါးရှဉ့် ၇ တန်ကျော် တင်ပို့နိုင် ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာလည်း ရေဘဝဲ တန်ချိန် ၆ တန်နီးပါး တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်း နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)