ရှောင်ကွင်းလမ်းမှာစုပုံထားတဲ့ အထပ်သားများနဲ့ ဂျူတီယာဉ်ပေါ်မှာ အမယ်လွဲတင်ဆောင်လာတဲ့ ဖော်မီကာချပ်များကိုသိမ်းဆည်းရမိ

   မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားဖြင့် Mobile Team အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးခေါင်းဆောင်တဲ့ အဖွဲ့သည် ဇန်နဝါရီလ ၆ ရက်နေ့တွင်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အေးရှားဝေါလ်တိုးဂိတ်အနီးရှောင်ကွင်းလမ်းပေါ်မှာ စုပုံထားတဲ့ အထပ်သား ၇၃ ချပ်ကို စစ်ဆေးတွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် လည်း ဂျူတီယာဉ်အမှတ် (2F/xxxx) (၁၂ ဘီး)ပေါ်မှ  ID တွင် အမယ်လွဲတင်ဆောင်လာတဲ့ Plywood One side (4' x 8'x 2mm) ဖော်မီကာ ၄၉၉ ချပ်ကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့ အထပ်သားများနဲ့ ၁၂ ဘီး ယာဉ်ပေါ်မှ ဖော်မီကာများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၂ ဒသမ ၂၂၂ ဖြစ် ပြီးအဖွဲ့စုံဖြင့် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်နိုင်ခဲ့တယ်လို့သိရပါတယ်။

DCCA