ကျောက်စိမ်းဟုယူဆရသော ကျောက်တုံးအရွယ်စုံတင်ဆောင်လာသော လိုင်စင်မဲ့ယာဉ်ကိုပါတားဆီးနိုင်ခဲ့

   ဖေဖော်ဝါရီလ၄ ရက်နေ့ ၀၉ း၃၀ ချိန်ခန့်မှာ မန္တလေး-မူဆယ်လမ်းကြောင်းပေါ်ရှိ နောင်ချို Asia World Toll Gate အနီး တာဝန်ထမ်းဆောင်နေတဲ့ Mobile Team လရ-၁ အဖွဲ့ထံ Toyota Ipusm 6C/xxxx ဟာ ဝင်ရောက်စစ်ဆေးခံခဲ့ပါတယ်။ အဆိုပါ ယာဉ်ပေါ်မှာ တရားမဝင်တင်ဆောင်လာတဲ့ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးအကြီး  ၆ တုံး ၆၆၂ ကီလို ဂရမ်နဲ့ ကျောက်တုံးအသေးများ ၃၁၃ ကီလိုဂရမ်ကို Mobile Team အဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ စစ်ဆေးတွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံးအရွယ်စုံ ၉၇၅ ကီလိုဂရမ်ဟာ ခန့် မှန်းတန်ဖိုးကျပ် ၉၅၇ သိန်းရှိတယ်လို့သိရပါတယ်။ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးများတင်ဆောင်လာတဲ့ယာဉ်ကို စစ်ဆေးရာမှာလည်း လိုင်စင်မဲ့ ယာဉ်တစ်စီးဖြစ်နေတာကို စိစစ်တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။  သိမ်းဆည်းရမိကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးအရွယ်စုံနဲ့ လိုင်စင်မဲ့ Ipsum ယာဉ်တို့ကို လုပ်ထုံးလုပ်နည်း နဲ့အညီ မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့လွှဲပြောင်းအပ်နှံထားပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။

DCCA