စစ်တွေနဲ့ မောင်တောမှ ရေထွက်ကုန် တန် ၁၀၀ ကျော် ပိုမိုတင်ပို့

   မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း နဲ့မောင်တောစခန်းမှ မတ်လပထမပတ်အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၇၃ သန်းဖိုးရှိ ရေထွက် ကုန် ၂၄၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့နိုင်မှုများမှာ စစ်တွေစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၈၃ သန်းဖိုးရှိ ရေချိုငါးများဖြစ်သော ငါးမြစ်ချင်းတန် ၆၀ နဲ့ ငါးခေါင်းပွ ၂၄ တန် တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်ကတော့ စစ်တွေစခန်းမှ ရေချိုငါးတင်ပို့မှုမရှိ ခဲ့ပါဘူး။ မောင်တောစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၉၀ သန်းဖိုးရှိ ငါးနီ တူခြောက်  တန် ၂၀ နဲ့ ငါးစုံလေးခြောက် ၁၃၈ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ကထက် ၂၉ တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂ လားဒေ့ရှ်နယ်စပ်တစ်ခုလုံး အနေနဲ့ကတော့ ယခုရက်သတ္တပတ်မှာ ၁၁၃ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

  စစ်တွေစခန်းမှ ရေချိုငါးတင်ပို့မှုကို ယခုထက်ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန် လာမယ့်ကာလများမှာ ပြည်နယ်အစိုးရရဲ့ သက်ဆိုင်ရာဌာနများမှ ရေချို၊ ရေငန်ငါး၊ ပုစွန်ကန်ဟောင်းများ အား ပြန်လည်တူးဖော်ပြုပြင်နိုင်ရန်အတွက် ငွေကြေးအရင်းအနှီးများထုတ်ပေးနေကြောင်းနဲ့ ထိုလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက လတ်ဆတ်သော ငါး၊ ပုစွန်များ ထုတ်လုပ်တင်ပို့နိုင်ပြီး ဈေးကောင်းရရှိလာမည်ဖြစ်ကြောင်း၊ သို့မှသာ ကုန်သည်လုပ်ငန်းရှင်များနဲ့ဒေသရှိ   ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံးအဆင်ပြေပြီး ကုန်သွယ်မှု လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှသတင်းရရှိပါတယ်။

   မြန်မာနိုင်ငံရေထွက်ပစ္စည်းများ ပြည်ပဈေးကွက်များသို့တင်ပို့ရောင်းချရာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် အမေရိကန်ဒေါ်လာ ၅၃၆ ဒသမ ၂၇၄ သန်းရရှိခဲ့ပြီး ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း၇၀၀ လျာထားကြောင်းသိရှိရပါတယ်။

ယဉ်ယဉ်အေး (DCCA)