စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်နဲ့ လယ်ယာထွက်ကုန် တန်ချိန် ၃၆၀ ကျော်တင်ပို့

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းက မတ် ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း ရေထွက်ကုန်နဲ့ လယ်ယာထွက်ကုန်တန်ချိန် ၃၆၀ ကျော် တန်ဖိုး ကန်ဒေါ်လာသုည ဒသမ ၁၃၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုးသာတင်ပို့နိုင်ခဲ့လို့ ယခုသီတင်းပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

  ယခုသီတင်းပတ်မှာ တင်ပို့ခဲ့တဲ့ ကုန်ပစ္စည်းတွေကတော့ ရေထွက်ကုန် ပစ္စည်းဖြစ်တဲ့ ငါးမြစ်ချင်း တန် ၆၀ ငါးခေါင်းပွ ၂၄ တန်နဲ့ လယ်ယာထွက်ကုန်ပစ္စည်း ဖြစ်တဲ့ ချင်း(အစို) ၂၆ တန်၊ ဆီးသီးခြောက် ၇၃ တန်၊  မန်းကျည်းစေ့  ၁၆၇ တန်၊  နနွင်းတက် ၄ တန်ကျော်နဲ့ မန်ကျည်းဖတ် ၂ တန်တို့ဖြစ်ကြပါတယ်။  စက်မှုကုန်ချောပစ္စည်းဖြစ်တဲ့ ဆီးယိုထုတ် ၇ တန် ကိုလည်း တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

တင်တင်ထွန်း MIRT(DCCA)