ဆီတိုင်ကီအံဝှက်အတွင်းမှ ကျောက်စိမ်းဟုယူဆတဲ့ ကျောက်တုံး ၄၈ ကီလိုဂရမ်သိမ်းဆည်းရမိ

   မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင် ကုန်သွယ်မှုတားဆီးရေးနဲ့ စားသုံးသူအကာအကွယ်ပေးရန်တာဝန်ထမ်းဆောင်နေသော လရ(၁)အဖွဲ့ဟာ မတ်လ ၂၁ ရက် ၁၀း၃၀ ချိန်မှာ Toyota Crown Majesta 3G/xxxx ရဲ့ခေါင်းပိုင်းအင်ဂျင်ခန်းနဲ့ နောက်ခန်းတို့မှာ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးများ၊ ကျောက်ပြားအပိုင်းအစ များ၊ အဝိုင်းပြားများကို စစ်ဆေးတွေ့ရှိတားဆီးနိုင်ခဲ့ပါတယ်။ ပစ္စည်းများကိုအသေးစိတ်စစ်ဆေးစဉ် ယာဉ်မောင်းမှာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

   အဆိုပါကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်များ တင်ဆောင်လာသောယာဉ်အား အကောက်ခွန်ဦးစီးဌာနသို့ သွားရောက်အပ်နှံရန် ဆီဖြည့်စဉ် ဆီတိုင်ကီရဲ့လက်ခံနိုင်တဲ့ ပမာ ဏ အပြည့်ဖြည့်နိုင်ခြင်းမရှိသေးသော်လည်း ဆီဒိုင်ခွက်က Full ဟုဖော်ပြနေတဲ့အတွက် ယာဉ်အားအသေးစိတ်ပြန်လည်ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ယာဉ်အောက်ပိုင်းမှာ ဆီတိုင် ကီနှစ်ခုပါရှိတာကိုတွေ့ခဲ့ရပါတယ်။  ဆီတိုင်ကီများကို ဖြုတ်ချစစ်ဆေးရာမှာ ဆီတိုင်ကီတစ်ခုတွင် ဆီမထည့်ဘဲ အံဝှက်ပြုလုပ်၍ ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံးများ အား ထည့်သွင်းထားတာကို ထပ်မံတွေ့ရှိသိမ်းဆည်းခဲ့ရတယ်လို့သတင်းရရှိပါတယ်။ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးများကို အဖွဲ့စုံနဲ့ဖွင့်ဖောက်စစ်ဆေးချိန်တွယ်ရာမှာ ၄၈ ကီလိုဂရမ်ရှိပြီး အကောက်ခွန်အမှုတွဲထပ်မံဖွင့်လှစ်၍ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံရန်စီစဉ်နေတယ်လို့သိရပါတယ်။

DCCA