စစ်တွေကုန်သွယ်ရေးစခန်းက ရေထွက်ကုန်၊ လယ်ယာထွက်ကုန်နဲ့ စက်မှုကုန်ချော တန် ၂၀၀နီးပါးတင်ပို့

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းက မေလ ၉ ရက် မှ ၁၅ ရက်ထိကာလအတွင်း ရေထွက်ကုန် လယ်ယာထွက်ကုန်နဲ့ စက်မှုကုန်ချော ၁၉၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၇၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၀၈၁ သန်းဖိုးတင်ပို့နိုင်ခဲ့သဖြင့် ယခုသီတင်းပတ်မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၀၉၀သန်းပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုသီတင်းပတ်မှာ ရေထွက်ကုန်တင်ပို့မှုရှိခဲ့တဲ့အတွက်တင်ပို့မှုပိုမိုခဲ့ရခြင်းဖြစ်ပါတယ်။

   ယခုသီတင်းပတ်မှာ တင်ပို့ခဲ့တဲ့ ပစ္စည်းတွေကတော့ ရေထွက်ကုန်ပစ္စည်းဖြစ်တဲ့ ရေချိုငါး(ငါးမြစ်ချင်း) ၁၅၄ တန်၊ လယ်ယာထွက်ကုန်ပစ္စည်းများကတော့ မန်ကျည်းစေ့ ၃ တန်၊ မန်ကျည်းဖတ် ၃ တန်၊ မန်ကျည်းဖတ်(အစေ့ပါ)၁တန်၊နနွင်းတက် ၂ တန်၊ ဆီးသီးခြောက် ၁၆ တန်တို့ဖြစ်ကြပါတယ်။စက်မှုကုန်ချောပစ္စည်းဖြစ်တဲ့ ဆီၤးယိုထုတ် ၁၆ တန်ကိုလည်း တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

တင်တင်ထွန်း