မိုဘိုင်းအဖွဲ့စတင်သည်မှ ၂၀၁၅ ခုနှစ် အောက်တိုဘာလအထိ သန်းခုနစ်ရာခန့်တန်ဖိုးရှိ အေးခဲအသားများ သိမ်းဆည်းရမိ

မိုဘိုင်းအဖွဲ့များစတင်တာဝန်ချထားတဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် အောက်တိုဘာလအထိ ကာလအတွင်းမှာ အေးခဲအသားများ ၁၇၈ ဒသမ ၅၆၀ တန်၊ ခန့်မှန်းတန်ဖိုးကျပ် ၇၀၆ သန်း တန်ဖိုးကို အမှုတွဲ ၁၇၁ ခုဖွင့်လှစ်သိမ်းဆည်းနိုင်ခဲ့ပါတယ်။အောက်တိုဘာလ အတွင်း ကျပ် ၁၈၇၃ သန်းတန်ဖိုးရှိအေးခဲအသား ၇ တန်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ကျွဲနွားဆိတ်အရှင် ဖမ်းဆီးရမိမှုကတော့ ကျွဲ ၁၀၅ ကောင်၊ နွား ၉၉ ကောင်၊ဆိတ် ၄ ကောင်ဖြစ်ပြီး အမှုတွဲ ၁၅ ခု ခန့်မှန်းတန်ဖိုးကျပ် ၂၈၁ သန်းနဲ့ အမှုဖွင့်သိမ်းဆည်းခဲ့ပါတယ်။                                    

 MIRT