မြိတ်ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပိုမိုတင်ပို့

မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့ သောင်း ကုန်သွယ်ရေးစခန်းနဲ့  မြိတ် ကုန်သွယ်ရေးစခန်းတို့မှ  အောက်တို ဘာလ ၃၁ ရက်မှ  နိုဝင်ဘာလ ၆ ရက် အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၄၆၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၅၈၉ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက၁၇၁ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေး ဇုန်မှ  ကန် ဒေါ်လာ သုည ဒ သမ ၁၆၃  သန်းတန်ဖိုး ရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ တန်၈၀ ကျော်၊ကဏန်း ၂၇  တန်ကျော်နဲ့ ပုစွန်၄ တန်တင်ပို့ နိုင်တဲ့အတွက် ယခင် သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက  ၁၀ တန် ကျော်လျော့ နည်းတင်ပို့ခဲ့ပါတယ်။ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၄၃၂ သန်း တန်ဖိုးရှိ  ရေထွက်ကုန်များဖြစ် သော ငါးမျိုးစုံ ၅၀၄  တန်ကျော် အခြား ရေထွက်ပစ္စည်း  ၄၇ တန်ကျော်နဲ့ ကင်းမွန် ၁၉ တန်  တင်ပို့နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၆၂၆ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြိတ်ကုန် သွယ်ရေးစခန်းမှ  ကန် ဒေါ်လာ   ၁ ဒသမ ၈၆၇ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ၁၅၈၀ တန်ကျော်၊ငါးမှုန့်တန် ၃၀၀၊ ပုစွန် ၂၂ တန်ကျော်၊  ကင်းမွန် ၃ တန် ကျော်နဲ့ သဲကဏန်း ၄၅၀ ကီလိုဂရမ် တင်ပို့နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက၈၀၈တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ် ။                                                                                                        
ခင်မြနွယ်