ကော့သောင်း ကုန်သွယ်ရေးစခန်းက ရေထွက်ကုန်ပိုမိုတင်ပို့

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့ သောင်းနဲ့   မြိတ်ကုန်သွယ်ရေးစခန်းတို့မှ   ကန်ဒေါ်လာ ၃ ဒသမ ၆၇၁ သန်းတန်ဖိုးရှိ  ရေထွက်ကုန် ၃၄၇၄ တန်ကျော် တင်ပို့နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၈၈၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၆ သန်း တန်ဖိုးရှိ ရေထွက်ကုန် များဖြစ်သော ငါးမျိုးစုံ ၆၃ တန်နီးပါး ၊ ကဏန်း ၂၅ တန်ကျော် နဲ့  ပုစွန် ၂ တန်ကျော်  တင်ပို့ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန် ၂၀ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။
ကော့သောင်းကုန်သွယ်ရေးစခန်းမှ  ကန်ဒေါ်လာ ၁ ဒသမ ၆၁၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ငါးမျိုးစုံ ၁၈၂၅ တန်ကျော် ပုစွန် ၁၀ တန်ခန့် ၊ ကင်းမွန် ၂၇ တန်ကျော်၊ အခြားရေထွက်ကုန် ၄၁ တန်ကျော် ၊ ပင်လယ်ငါးရှဉ့် ၄ တန် ကျော် ၊ရေဘဝဲ ၁ တန် ကျော်နဲ့ ကဏန်း ၂၄၀ ကီလိုဂရမ် တင် ပို့နိုင်တဲ့အတွက်ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၃၃၈ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။  မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၉၁၈ သန်းတန်ဖိုးရှိ    ရေထွက်ကုန်များ ဖြစ်သော ငါးမျိုးစုံ ၁၀၃၇ တန်ကျော် ၊ငါးမှုန့် တန် ၃၁၀ ၊ အေး ခဲကဏန်းပျော့ ၄၁ တန်ခန့် ၊အေးခဲပုစွန် ၃၅ တန် ၊ ရေငန်ပုစွန် ၁၄ တန်ကျော် ၊ ကဏန်းနီ ၁၈ တန် ၊ ကဏန်းသေး (အသေ) ၁၃ တန်ကျော် ပုစွန်ခြောက် ၂ တန်ကျော်၊ ကင်းမွန် ၁ တန် ခန့်နဲ့ သဲကဏန်း ၃၀၀ ကီလိုဂရမ်တင်ပို့နိုင်တဲ့ အတွက်  ယခင် သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၄၃၂ တန်ကျော်  လျော့နည်းခဲ့ ပါတယ်။                                                              
 ခင်မြနွယ်