ရက်သတ္တပတ်အတွင်း စီးပွားရေးသတင်းတိုများ

ဆိုးလ်
    တောင်ကိုရီးယား   ပြည်တွင်း ကုမ္ပဏီတွေက  စီးပွားရေးဖွံ့ဖြိုးရေး အင်ဂျင်သစ်အဖြစ် လုပ်ငန်းများကို ဆောင်ရွက်နိုင်ဖို့အတွက် စွန့်စားမှု များကို ပိုမိုလုပ်ဆောင်ဖို့လိုပြီး အစိုးရအနေနဲ့လည်းတည်တံ့ခိုင်မြဲတဲ့ မူဝါဒ တွေ ချမှတ်နိုင်ဖို့လိုတယ်လို့ ဗြိတိန် နိုင်ငံကင်းဘရစ်တက္ကသိုလ်မှ တောင် ကိုရီးယား ပါမောက္ခ ချန်ဟာဂျူးက ပြောကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။
တရုတ်(တိုင်ပေ)
    အာဆီယံ  အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများအတွက် တရုတ်(တိုင် ပေ)က ဗီဇာစည်းမျဉ်းဥပဒေများကို လျှော့ချပေးခဲ့တဲ့အတွက်   တစ်နှစ်   အတွင်းမှာ ဧည့်သည်၂၈၀၀၀၀ ကိုပိုမိုဆွဲဆောင်နိုင်ခဲ့ပြီး တရုတ်(တိုင် ပေ) ခရီးသွား လုပ်ငန်းအတွက် ထိုင် ဝမ်ဒေါ်လာ ၁၃ ဘီလီယံ ( အမေ ရိကန် ဒေါ်လာ ၄၀၇ သန်း)ကိုရှာ ဖွေပေးခဲ့တယ်လို့ သယ်ယူပို့ဆောင် ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန က ပြောကြောင်း တီတီအာဝိကလီး သတင်းမှာ ဖော်ပြပါတယ်။
ဂျကာတာ
    သမဝါယမ   အသင်းများမှ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများသို့ အသေးစားချေးငွေ များ (Microloan Credits)   ထုတ် ချေးပေးနိုင်အောင် ဆောင်ရွက်ဖို့ သမဝါယမ၊အသေးစားနဲ့ အလတ် စား စီးပွားရေးလုပ်ငန်းများ ဝန်ကြီး ဌာနကို သမ္မတ ဂျိုကိုဝီဒိုဒို (ဂျိုကိုဝီ) အမိန့်ပေးထားကြောင်း ဝန်ကြီး ပူစပါယိုဂါရဲ့ ပြောကြားချက်ကို ကိုး ကားပြီး အင်တာရာသတင်းမှာ ဖော်ပြပါတယ်။
ဟနွိုင်း
    ကမ္ဘာ့ လေကြောင်းဈေးကွက် ဝေစုပိုမိုရရှိရေးနဲ့ ဗီယက်နမ်နိုင်ငံကို အာဆီယံဒေသ  လေကြောင်းလမ်း မုခ်ဦးအဖြစ်  တည်ထောင်နိုင်ရေး အတွက်အမေရိကန် ပြည်ထောင်စု သို့    လေကြောင်း    ခရီးစဉ်များ ပြေးဆွဲ သွား မယ်လို့  လေကြောင်း လိုင်းရဲ့ အမှုဆောင်ချုပ် ဒေါင်ထရီ သန်းကပြောကြောင်း  ဗီယက်နမ် သတင်းမှာ ဖော်ပြပါတယ်။